ဘာမင်ဂမ် စီးတီးအသင်းက နည်းပြ ရွန်းနီကို ရာထူးမှ ထုတ်ပယ်

ဇန်နဝါရီ ၃

လိဂ်ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းသည် ကိုင်တွယ်ခဲ့သည့် ပြိုင်ပွဲစုံ (၁၅) ပွဲတွင် (၉) ပွဲအထိရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဖြစ်သူ ဝိန်းရွန်နီအား ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။

အသက် (၃၈) နှစ်အရွယ်ရှိ မန်ယူနှင့် အဂ်လန်ဂန္ထ၀င်တိုက်စစ်မှူးဟောင်း ရွန်နီသည် ၂၀၂၃ အောက်တိုဘာ (၁၁) ရက်နေ့က ဘာမင်ဂမ်အသင်းအား စတင်ကိုင်တွယ်ခဲ့ပြီး (၃) လနီးပါးအကြာတွင် ရာထူးမှထုတ်ပယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဘာမင်ဂမ်အသင်းသည် ရွန်နီစတင်ကိုင်တွယ်စဥ်က အမှတ်ပေးဇယား အဆင့် (၆) နေရာတွင် ရပ်တည်ခဲ့သော်လည်း ရွန်နီကိုင်တွယ်ခဲ့ပြီးနောက် ရလဒ်များဆိုးရွားခဲ့ပြီး အဆင့် ၂၀ နေရာအထိ ကျဆင်းခဲ့ရပါတယ်။