ကလေးမြို့တွင် ကုန်စုံဆိုင်နှင့် ကုန်သည်ပွဲစားနေအိမ် ဓားပြတိုက်ခံရ ဟု မဟုတ်မမှန် သတင်းများကို လူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရ


ဇန်နဝါရီ ၂ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ဒေါ်သန်းလှကုန်စုံဆိုင်နှင့် အောင်မြေမာန်ရပ်ကွက်ရှိ ကုန်သည်ပွဲစားနေအိမ်ကို ဒီဇင်ဘာ ၃၀ ရက်ညတွင် လက်နက်ကိုင်အဖွဲ့များက ဓားပြတိုက်ခဲ့ သည်ဟု ပြည်ဖျက်မီဒီယာ DVB မှ သတင်းအမှားများကို လုပ်ကြံဖန်တီး ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကလေးမြို့ရှိ အုပ်ချုပ်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးနှင့် ရပ်ကွက်နေ ပြည်သူတစ်ဦး၏ ပြောပြချက်အရ ဒီဇင်ဘာ ၃၀ ရက်နေ့ညက ကလေးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်စဉ် ဖြစ်ပွားမှု မရှိကြောင်း၊ အခြားလုယက်မှု ဖြစ်စဉ် များလည်း ဖြစ်ပွားမှုမရှိပါကြောင်းနှင့် လုပ်ကြံသတင်းများသာဖြစ်ကြောင်း” သိရှိရပါသည်။

သို့ပါ၍ အခြေအမြစ်မရှိသော သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB မှ မြို့ပေါ်ရပ်ကွက်နေပြည်သူများ စိုးရိမ် ထိတ်လန့်စိတ်များ ဖြစ်ပေါ်လာအောင် တမင်ရည်ရွယ်၍ ဝါဒဖြန့်လှုံ့ဆော်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN