ကမ္ဘာ့အကောင်းဆုံး မွေထိုင်းကစား သမားစာရင်းဝင်လာတဲ့ ဘရော်နီကာ

ဇန်နဝါရီ ၃

ကယန်းတိုင်းရင်းသူ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာဟာ ၂၀၂၃ ခုနှစ်အတွက် စူပါဘန်တမ်ဝိတ်တန်း၏ အကောင်းဆုံးအမျိုးသမီး မွေထိုင်းကစားသမားအဖြစ် သတ်မှတ်ခံရကြောင်း World Muay Thai Organization ၏ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

သူမက ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမား ထိပ်တန်း (၁၀)ဦးအနက် နံပါတ် (၇) နေရာ၌ ရပ်တည်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဘရော်နီကာဟာ လက်ရှိ Thai Fight နှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိနေသော်လည်း စာချုပ်သက်တမ်းပြည့်ပါက One Championship သို့ တဆင့်တက်ကာ သွားရောက်ကစားရန် ဆန္ဒရှိနေပြီး One ဘက်ကလည်း ခေါ်ယူရန် ဆန္ဒရှိနေကြောင်း လက်ဝှေ့အသိုင်းအဝိုင်းက သုံးသပ်နေကြောင်း သိရပါတယ်။