PSG တိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် အသင်း ပြင်ဆင်နေ

ဇန်နဝါရီ ၂

ရီးယဲလ်မက်ဒရစ်အသင်းက အသင်းတိုက်စစ်ပိုင်း အတွက် လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်း အရွှေ့ကာလတွင် ကာလရှည်ခေါ်ယူရန် ပစ်မှတ် ထားနေသည့် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို ခေါ်ယူရန် ပြင်ဆင်လျက် ရှိကြောင်း သိရပါတယ်။

ရီးယဲလ်မက်ဒရစ် အသင်းသည် ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလကတည်းက အမ် ဘတ်ပီကိုခေါ်ယူရန် ကြိုးပမ်းခဲ့ရာ အမ်ဘတ်ပီနှင့် သဘောတူညီမှု ရရှိခဲ့သော်လည်း ပီအက်စ်ဂျီအသင်း က အကြိမ်ကြိမ် ငြင်းပယ်ခဲ့သည့် အတွက် မခေါ်ယူနိုင် ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် အမ်ဘတ်ပီနှင့် ပီအက်စ်ဂျီအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပါတယ်။