မိုးညှင်းမြို့နယ် ၊ တကွင်းကျေးရွာနေ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသူ ၁ ဦးကိုအကြမ်းဖက်အဖွဲ့များကရက်ရက်စက်စက်သတ်ဖြတ်

ဇန်နဝါရီ ၂

ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ် ၊ တကွင်းကျေးရွာနေ တောင်ယာခင်းလုပ်ငန်လုပ်ကိုင်နေသူ ၁ ဦးအသတ်ခံရကြောင်း သိရှိရပါသည်။

တကွင်းကျေးရွာနေသူ ဦးဘူနိုင်း ၅၈ နှစ်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်၌ သဲဂုဏ်ကျေးရွာအနီးရှိ ၎င်းပိုင်ဆိုင်သော တောင်ယာခင်းတွင်ရှိနေစဉ် KIA/PDF ပူးပေါင်း ၂၀ ဦးခန့်ရောက်ရှိလာပြီး သေနတ်များဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားများဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ စည်းကမ်းမဲ့လူသတ်မှုများလုပ်ဆောင်လာနေ၍ မိုးညှင်းမြို့နယ်ရှိဒေသခံများ စိုးရိမ်ထိပ်လန့်နေကြကြောင်း သိရှိရပါသည်။

PAN