ပေါက်မြို့နယ်၊ ချောင်းနားကျေးရွာအနီး လူသတ်အကြမ်း ဖက် pdf များ၏ မိုင်းမျိုးစုံနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ဇန်နဝါရီ ၂

ဒီဇင်ဘာလ ၃၁ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ပေါက်မြို့နယ်တွင် ဒေသခံများ၏ လျှို့ဝှက်သတင်းပေးချက်အရ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချောင်းနားကျေးရွာအနီး လူသတ်အကြမ်းဖက် PDF အဖွဲ့များ ခြေကုပ်စခန်းချ၍ ဒေသတွင်းပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေကြောင်း သတင်းပေးပို့ချက်အရ အဆိုပါ ခြေကုပ်စခန်းရှိရာသို့ သွားရောက်ရှင်းလင်းရာထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအတွင် PDF အကြမ်းဖက်သမားများ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားကြကြောင်း၊ ၎င်းတို့ထံမှ လက်လုပ် မိုင်းမျိုးစုံ ၂၀ လုံး၊ ရှော့တိုက်မိုင်း ၂၀ လုံး၊ မီးစက် ၁ လုံး၊ ဆိုလာ ၄ ချပ်၊ ဆလိုက်မီး ၄ လုံး၊ ဆန် ၂ အိတ်၊ ဆီ ၂ ပုံး၊ ဘိလပ်မြေ ၂ အိတ် တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

#PAN