ချောင်းဦး-မုံရွာလမ်းပိုင်းတွင် တပ်က ဒေသခံ ၅ ဦးကိုဖမ်းပြီး ဓားစာခံလုပ်ထားလို့ PDF မှ လမ်းပိုင်းယာယီပိတ်ဟု မဟုတ် မမှန်သတင်းများ ဖြန့်ဝေလျက်ရှိ

ဇန်နဝါရီလ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်းကျေးရွာရှိ ဒေသခံ(၅)ဦးကို ယနေ့ နံနက်ပိုင်းတွင် တပ်မတော် စစ်ကြောင်းက ဖမ်းဆီးဓားစာခံပြုလုပ်ခြင်းကြောင့် ချောင်းဦး-မုံရွာ ကားလမ်းပိုင်းကို ဇန်နဝါရီ ၁ ရက်နေ့ကစပြီး လမ်းပေါ်သွားလာမှုကိုမပြုလုပ်ကြရန် CHU-PDFက ယာယီ ပိတ်လိုက်သည်ဟု မြေလတ်အသံမှ ကောလာဟလသတင်း များကို လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းရာ “ယနေ့တွင် တပ်မတော်စစ်ကြောင်းမှ ခင်မွန်းကျေးရွာဘက်သို့ သွားလာမှု မရှိပါကြောင်း၊ အကြမ်းဖက် PDFများက အများပြည်သူ အသုံးပြုသွားလာနေသည့် ကားလမ်းကို တားဆီးပိတ်ဆို့ရန်အတွက် အကြောင်းပြချက်တစ်ခုသာဖြစ်ကြောင်း” သိရှိ ရသည်။

PDF အမည်ခံအကြမ်းဖက်သမားများ၏ အဖျက်အမှောက်လုပ်ရပ်များကို ပြည်ဖျက် မီဒီယာများက ဖုံးကွယ်ပေးရန် အတွက် သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN