ကျိုက်လတ်မြို့နယ်၊ ဆင်တာကျေးရွာ အုပ်စု၊ ထုံးကြီး(၁)ရွာခွဲ၊ မူလွန်ကျောင်းအတွင်း စာသင်ကျောက်သင်ပုန်းပေါ်တွင် ကျောင်းပိတ်ရန် ခြိမ်းချောက်စာများ တွေ့ရှိ

ဇန်နဝါရီ ၂

ဒီဇင်ဘာ ၃၁ ရက်နေ့ ညအချိန်က
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဆင်တာကျေးရွာအုပ်စု၊ ထုံးကြီး(၁)ရွာခွဲ၊ မူလွန်ကျောင်းအတွင်း စာသင်ကျောက်သင်ပုန်းပေါ်တွင် ကျောင်းပိတ်ရန် ခြိမ်းချောက်စာများ ရေးသားခြင်း ခံရကြောင်း သိရှိရသည်။

ကျောင်းပိတ်ရန်သတိပေးချက် ၃ ရက် အတွင်းပိတ်ပါ၊ မပိတ်ပါက ကျောင်းကို ဗုံးထောင်မည်၊ မတတ်ချင်ဘူး၊ ကျောင်းတွေအားလုံးပိတ်၊ ခုချက်ချင်းပိတ်၊ မှတ်ချက်-ကျောင်းတွေပိတ်၊ မပိတ်ရင်ဗုံးခွဲမယ်စသည့်စာသားများရေးသားထားကြောင်း သတင်းရရှိပါသည်။

အဆိုပါ ကျောင်းသို့ သက်ဆိုင်ရာ တာဝန်ရှိ ပူးပေါင်း အဖွဲ့များမှ သွားရောက်စစ်ဆေး ခဲ့ကြကြောင်း သိရှိရပါသည်။

#PAN