ကချင်နစ်ခြင်း ခရစ် ယာန်အသင်းတော်တာဝန်ရှိသူများနှင့် ရပ်ရွာလူထုပူးပေါင်းကာကိုယ်ထူကိုယ်ထ စစ်ရှောင်စခန်းအဆောက်အဦးများ ဆောက်လုပ်၍ အပ်နှံပွဲအခမ်းအနားကျင်းပပြုလုပ်

ဇန်နဝါရီ ၂

ကချင်ပြည် ၊ မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာ ၊ ခါနန်ရပ်ကွက်ရှိ စစ်ရှောင်စခန်း (IDPS camp)မှ စစ်ရှောင်ပြည်သူများကို ရပ်ရွာဒေသခံလူထုများ ၊ ကချင်နစ်ခြင်းခရစ်ယာန်အသင်းတော်နှင့်သက်ဆိုင်ရာလူကြီးများ ဝိုင်းဝန်းစုပေါင်းပြီး အိမ်ရာများဆောက်လုပ် နေရာချပေးခဲ့ကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ် ဒေသအချို့တွင် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားလာပြီးနောက်မိုးကောင်းမြို့နယ် ၊ ဆားမှော်ကျေးရွာအုပ်စု ၊ အရှေ့ဘက်၌တည်ရှိသော ကျေးရွာများဖြစ်သည့်
ဆွတ်လဲန်ယာန်နှင့် ဂေါ့နန်ကျေးရွာမှ ဒေသခံအိမ်ထောင်စု ၁၀၀ ကျော် အတွက် ကချင်နစ်ခြင်း ခရစ်ယာန်အသင်းတော် တာဝန်ရှိသူများနှင့် ရပ်ရွာလူထုပူးပေါင်းကာ ကိုယ်ထူကိုယ်ထအဖြစ် စီစဉ်ဆောင်ရွက်ပေးခဲ့သော စစ်ရှောင်စခန်းတစ်ခုကို ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါ စစ်​ရှောင်စခန်းရှိ အ​ဆောက်အဦများအပ်နှင်းခြင်း အခမ်းအနားကို ၂၀၂၃  နှစ် ၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

#PAN