အေဂျင်စီများ၏ အလုပ်သမားစေလွှတ်စာရင်းကို စာလမ်းကြောင်းဖြင့် ပေးပို့မှု လက်မခံတော့ဘဲ Email ဖြင့်သာ လက်ခံဆောင်ရွက်ပေးတော့မည်

ဇန်နဝါရီ ၁

      ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေ ဂျင်စီများ၏ အလုပ်သမားစေလွှတ်စာရင်းကို စာလမ်း ကြောင်းမှ ပေးပို့မှုကို လက်ခံဆောင် ရွက်ပေးသွားမည် မဟုတ်ဘဲ Email ဖြင့်သာ လက်ခံဆောင်ရွက်ပေးတော့မည်ဟု အလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါသည်။

      အေဂျင်စီများအနေနှင့် အလုပ်သမားစေလွှတ်စာရင်းကို စာရွက်စာတမ်းဖြင့် Hard Copy နှင့် ပေးပို့တင်ပြခြင်းအစား Soft Copy နှင့် တင်ပြခြင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ဆောင်ရွက်သွားမည်ဟု သိရပါသည်။ လစဉ် ပြည်ပသို့စေလွှတ်သော အလုပ်သမားဦးရေစာရင်း ပေးအပ်ရန် ပျက် ကွက်သည့် အေဂျင်စီများကိုလည်း လိုင်စင်ပိတ်သိမ်း အရေးယူမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားပါသည်။

       ပြီးခဲ့သည့် နိုဝင်ဘာလက စာရင်းပေးပို့ရန် ပျက် ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၀ ခုရှိပြီး အေဂျင်စီ ခြောက်ခုကို သတိပေးခြင်းမှာ သုံးကြိမ်တိုင်ရှိပြီဖြစ်ကာ ထို့သို့ သုံးကြိမ်ထက် ကျော်လွန်အသိပေးခံရပါက လိုင်စင်ပိတ်သိမ်းခြင်းခံရမည်ဟု အသိပေးထားပါသည်။

#PAN