ရထားလက်မှတ်ခနှုန်းထားများ တိုးမြှင့်ကောက်ခံမည်

ဇန်နဝါရီ ၁

      ခရီးဝေးပြေးဆွဲနေသော ရထားလက်မှတ်ခနှုန်း ထားများကို ဇန်နဝါရီလ ၁ ရက်ကစတင်ပြီး တိုးမြှင့်သတ်မှတ် လိုက်သည်ဟု မြန်မာ့မီးရထားမှ သိရပါသည်။ လက်ရှိ‌ပြေးဆွဲနေသည့် ရန်ကုန်- မန္တလေး အမှတ်(၃)အဆန်(၄)အစုန်၊ အမှတ်(၅) အဆန်(၆) အစုန် ရထားများ၏ လက်မှတ်ခများအနေနှင့် ရိုးရိုး တန်းကို ၁၁,၀၀၀ ကျပ်၊ အထက် တန်းကို၂၂,၀၀၀ ကျပ် သို့ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ်ပါသည်။ အမှတ်(၇၁)အဆန်၊ (၇၂)အစုန် ရန်ကုန်-ပြည် လေအိတ်အမြန်ရထား ၏ လက်မှတ်ခနှုန်းထားကို ရိုးရိုး တန်း ၅,၀၀၀ ကျပ် ၊ အထက်တန်း ၁၀,၀၀၀ ကျပ်ပြောင်းလဲသတ်မှတ်လိုက်သည်ဟု သိရပါသည်။

      ထို့အပြင် အမှတ်(၈၁)အဆန်(၈၂)အစုန် ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်ခတွေအနေနှင့် ရိုးရိုး AARတွဲဆိုင်း ရိုးရိုးတန်း ၅,၀၀၀ ကျပ် ၊ အထက်တန်း ၁၀,၀၀၀ ကျပ် ၊ လေအိတ်တွဲဆိုင်း ရိုးရိုးတန်း  ၆,၀၀၀ ကျပ်၊ ‌အထက်တန်း ၁၁,၀၀၀ ကျပ်သို့ ပြောင်းလဲသတ် မှတ်လိုက်သည်ဟု မော်လမြိုင်ဘူတာကြီးမှ သိရပါ သည်။ ယခုလို ရထား လက်မှတ်ခများ တိုးမြှင့်သတ် မှတ်လိုက်ခြင်းမှာ ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် လက်ရှိဆီဈေးနှုန်းနှင့် လိုက်လျော ညီထွေ ဖြစ်မည့် ဈေးနှုန်းများကို ပြောင်းလဲသတ်မှတ်ရခြင်း ဖြစ်ငည်ဟုလည်း သိရပါသည်။

#PAN