မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်း ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ အပါအဝင် အလုပ်သမား ၆ ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဇန်နဝါရီ ၁

     မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ပန်းယျကျေးရွာနှင့် လယ်ကောကြီးကျေးရွာ အကြားရှိ ရှမ်းမြောင်းကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါ အဝင် အလုပ်သမား ၆ ဦးကို ဒီဇင် ဘာလ ၃၀ ရက်နေ့ ည ၁၀ အချိန်ခန့်က တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို ဒီဇင် ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာ Khit Thit Media နှင့် RFA တို့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေး သားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မတ္တရာမြို့နယ်၊ ဇီးဖြူပင်ကုန်းကျေးရွာအနီးတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်ခြင်းမရှိခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၃၀ ရက်နေ့ ည ပိုင်းက PDF အမည်ခံအကြမ်းဖက် သမားများက အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး လက်နက်ငယ်များဖြင့် ပစ်ခတ်သတ် ဖြတ်သွားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့ နံနက်ပိုင်းက သွားရောက်စစ် ဆေးခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      အလားတူ မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာတွင် မီးရှို့ဖျက်ဆီးမှုများနှင့် ခြိမ်းခြောက်လူသတ်၊ ငွေကြေးတောင်းခံမှုများရှိကြောင်း သတင်းရရှိသဖြင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးအဖွဲ့များမှ သွားရောက်၍ နယ်မြေတည်ငြိမ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက် ငယ်၊ လက်လုပ် စိန် ပြောင်း၊ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် အဝေးမှပစ်ခတ်၍ မြစ်တစ်ဖက်ကမ်းသို့ ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်းနှင့် ၎င်းတို့ပစ်ခတ်ခဲ့သော လက်လုပ်ဒုံးသီးများသည် ကျေးရွာရှိ လူနေအိမ်များကို ထိမှန်၍ မီးလောင် ကျွမ်းပျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

       PDF အမည်ခံအကြမ်းဖက်သမားများသည် လုံခြုံ ရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာတွင် လူနေအိမ်များအတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက် ခိုက်ခြင်း၊ ပြည်သူများကို လူ သားတံတိုင်းအဖြစ် အကာကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များ ကိုမီးရှို့ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏လုပ်ရပ်များကို ဖုံး ကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင် အမြင်လွဲ မှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို လုပ်ကြံရေးသားဖြန့် ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN