မက်ဆီ ဘောလုံးလောက ကနေ အနားယူပါက ကျောနံပါတ် ၁၀ ကို ထာဝရအနားပေးမယ့် အာဂျင်တီးနား အသင်း

ဇန်နဝါရီ ၁

      ဘောလုံးလောကရဲ့ ဂန္ထဝင်တစ်ဦးဖြစ်တဲ့ မာရာဒိုနာ ဝတ်ဆင်ခဲ့ဖူးသလို လက်ရှိ ဘလွန်းဒီအွန်ဆုစံချိန်ရှင် မက်ဆီ ဝတ်ဆင်နေတဲ့ ကျောနံပါတ် (၁၀) ကို မက်ဆီအနားယူပြီးပါက ထာဝရအနား ပေးတော့မယ်လို့ အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

      အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဟာ ကျောနံပါတ် (၁၀) ကိုအနားပေးဖို့အတွက်လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က စဉ်းစားခဲ့ဖူးပေးမယ့် လက်ရှိမှာ မက်ဆီ ဝတ်ဆင်နေတဲ့ ကျောနံပါတ်(၁၀)ကို မက်ဆီအနားယူပြီးမှသာ ထာဝရ အနားပေးသွားဖို့အတွက် စီစဉ်နေတာ ဖြစ်ပါတယ်။

      မာရာဒိုနာ နဲ့ မက်ဆီ တို့ဟာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားဆွတ်ခူးပေးနိုင်ဖို့အတွက် အဓိကနေရာက ပါဝင်ခဲ့သူတွေဖြစ်တဲ့အပြင် တစ်ခေတ်မှာ တစ်ယောက်သာ ပေါ်ပေါက်လာတဲ့ ပါရ မီရှင်ကစားသမားတွေလည်း ဖြစ်ကြပါတယ်။

#PAN