ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာ၊ ကမ်းနားပိုင်းတွင် မူယစ်ဆေး သယ်ဆောင်နေကြောင်းသတင်းအရ လုံခြုံရေ အဖွဲ့များက စစ်ဆေးဆောင်ရွက်နေစဉ် မောင်နှင်ထွက်ပြေး သော ဟိုက်ဂျက်ယာဉ်နှင့် ဆိုင်ကယ်ကို ပစ်ခတ်ဖမ်းဆီးရမိ

ဇန်နဝါရီ ၁

ယမန်နေ့  ည ၆ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာ၊ ကမ်းနားပိုင်းတွင် မူးယစ်ဆေးဝါးသတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် ရပ်တန့်စစ်ဆေးခံရန် တားဆီးစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးအား ယာဉ်ဖြင့်တိုက်၍ မောင်းနှင်ထွက်ပြေးရာ ပစ်ခတ်ဖမ်းဆီးခဲ့ ရကြောင်းသိရှိရပါသည်။

အဆိုပါ မောင်းနှင်လာသော ဟိုက်ဂျက် ၁ စီးကို ရန်တန့်စေရာ မရပ်တန့်ပဲ လုံခြုံရေးအဖွဲ့ဝင် ၁ ဦးအား ဟိုက်ဂျက် အဖြူ ရောင်၊ ယာဉ်အမှတ်-ygn(14) 9f-3125 နံပါတ်ပါ ယာဉ်ပေါ်တွင် အမည်မသိ ကျား ၂ ဦးပါသောယာဉ်ကို ရပ်တန့် စစ်ဆေး ခံရန် လုံခြုံရေးအဖွဲ့မှ တားဆီးစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးကို တိုက်၍ မောင်းနှင်ထွက်ပြေးခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

ထိုအတူ ၎င်းယာဉ်နှင့် ကပ်၍ လိုက်ပါလာသော ၁၃/ယ -၆၁၅၂၃ နံပါတ်ပါ WAVE(100)အဖြူရောင်ဆိုင်ကယ် ၁ စီး၊ ကျား ၁ ဦး(အမည်မသိ)ကပ်၍ လိုက်ပါလာပြီးခရိုင်ချင်းဆက် ကားလမ်းအတိုင်း မောင်နှင်လာစဉ် ရပ်တန့်စစ်ဆေးရာ အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဟိုက်ဂျက်မော်တော်ယာဉ်ဖြင့် တိုက်ပြေးသဖြင့် ရဲတပ်သား တစ်ဦး ယာဘက်ပခုံး၊ ယာတံတောင်ဖြင့် ယာတင်ပါးတို့တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး ပြန်လည်ထ၍ ဆိုင်ကယ်ဖြင့်လိုက်လံဖမ်းဆီးစဉ် BA-94 ဖြင့် ၁ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေး သူ(ကျား)တစ်ဦး၏ မေးစေ့တွင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဟိုက်ဂျက်ယာဉ်ပေါ်တွင်ပါလာသော ကျား ၂ ဦးမှာ ကျွဲခြံသင်္ချိုင်းကုန်းလမ်းအတိုင်း မောင်နှင်ထွက်ပြေးပြီး ယာဉ်အားရပ်‌၍ ကိုယ်အလွတ်ရုန်းထွက်ပြေး သွားခဲ့ကြောင်းသိရှိရပါသည်။

ယာဉ်ပေါ်တွင်ရှာဖွေရာ ၁ ထုတ်လျင် ၁၀ ပိဿာခန့်ရှိ ဘိန်းစာရွက်အစို ၁၃ ထုတ်အားလည်းကောင်၊ အမည်မသိသေ ဆုံးသူ ၏ ဆိုင်ကယ်အား ရှာဖွေခဲ့ရာ ၎င်းဆိုင်ကယ်၏ တူးဘောက်အတွင်းမှ MG-36 လက်ပစ်ဗုံး ၁ လုံး၊ ၎င်းဗုံတွင်တပ်ဆင် အသုံးပြုသော အဖြူရောင် ပလစ်စတစ်ဗူးဖြင့်ထည့်ထားသော(ဖြူ့စ်) ၁ ချောင်းတို့ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပြီ အဆိုပါ ဖြစ်စဉ်အား အမှုဖွင့်လှစ်၍ ဆက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။

PAN