ပရီးမီးယာလိဒ် အားကစား သတင်းများ

ဇန်နဝါရီ ၁

• နှစ်သစ်ကို အရှုံးနဲ့ကြိုလိုက်တဲ့ အာဆင်နယ်အသင်း

     ပြီးခဲ့တဲ့ဒီဇင်ဘာလ ၃၁ ရက်ကစားခဲ့တဲ့ ဖူဟမ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အိမ်ရှင်ဖူဟမ်အသင်း က အာဆင်နယ်အသင်းကို ၂ ဂိုး၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
     အဆိုပါ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဖူလ်ဟမ်အသင်းကို ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေ ပြန်လည်ပေးခဲ့ရပြီး ၂ ဂိုး၊ ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ရတာဖြစ်ပါတယ်။ နှစ်သစ်ကို အရှုံးနဲ့ ကြိုဆိုလိုက်ရသလိုပဲ အဆင့် ၄ နေရာကို အာဆင်နယ်အသင်းဟာ ဆင်းပေးလိုက်ရပြီဖြစ်ပါတယ်။

• ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၂၁ ပွဲအထိ ရှုံးနိမ့်ထားတဲ့ မန်ယူအသင်း

      မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၂၀) အပြီးမှာ ၉ ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ခေတ်မှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ခေတ်မတိုင်မီ အင်္ဂလန်ပထမတန်းပြိုင်ပွဲခေတ် ၁၉၈၉-၉၀ ရာသီမှာ ပွဲစဉ် ၂၀ အပြီး ရှုံးပွဲ ၉ ပွဲရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ခေတ်တစ်လျှောက်လုံး ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲ ၉ ပွဲ ထပ်မံကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
     မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ခေတ် တစ်ရာသီလုံးမှာ အများဆုံးရှုံးပွဲဟာ ၁၂ ပွဲအထိသာ ရှိဖူးတာကြောင့် ယခုရှုံးပွဲအရေအတွက်မှာ အလွန်ဆိုးရွားတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ မန်ယူအသင်းအနေဖြင့် ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲယှဉ်ပြိုင်ကစားရာ ၂ ပွဲသာအနိုင်ရပြီး ၁ ပွဲသရေ နှင့် ၄ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်ပါတယ်။

• ဥရောပ ထိပ်တန်းလိဂ် ၅ ခု ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ ဟာလန်း

      မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်း ဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။
      ဟာလန်း ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ မန်စီးတီးအသင်းအတွက် စုစုပေါင်း ၄၄ ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းနှင့် PSG တိုက်စစ်မှူး ဘာပေတို့ကို ကျော်ဖြတ်ကာ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN