ဇေယျာသီရိမြို့နယ်တွင် NISSAN အမျိုးအစား(၁၂)ဘီးယာဉ်အား ERTIGA အမျိုးအစားအဖြူရောင်ယာဉ်က နောက်မှ ဝင်တိုက်သဖြင့် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ဇန်နဝါရီလ ၁


နေပြည်တော် ၊ဇေယျာသီရိမြို့နယ်၊နန်သြအုပ်စု ၊ ဒိုးပင်ခုံလမ်းဆုံ ရန်-မန်း လမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၃၄/၅နှင့်၆ ကြားတွင် ယမန်နေ့ည ၁၁နာရီ၄၅မိနစ်အချိန်ခန့်က NISSAN အမျိုးအစား(၁၂)ဘီးယာဉ်အား ERTIGA အမျိုးအစားအဖြူရောင်ယာဉ်မှ နောက်မှကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ တပ်ကုန်းမြို့ဘက်မှ ပျဉ်းမနားမြို့ဘက်သို့ ယာဉ်မောင်း အောင်မျိုးထက် ၄၂ နှစ်၊ (ဘ)ဦးအောင်ကြီး၊ စဉ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်နေသူမောင်းနှင်လာသော NISSAN အမျိုးအစား ဖြူ/ပြာရောင်(၁၂)ဘီးယာဉ်အား တပ်ကုန်းမြို့ဘက်မှပျဉ်းမနားမြို့ဘက်သို့လားရာတူမောင်းနှင်လာသော7R-2827 ERTIGA အမျိုးအစားအဖြူရောင်ယာဉ်မှ နောက်မှကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိရာ ERTIGA အမျိုးအစားအဖြူရောင်ယာဉ်ပေါ်တွင်ပါလာသူ (အမည်မသိ၊ နေရပ်လိပ်စာ)စုံစမ်းဆဲအမျိုးသား ၃ ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ရင်ဘက်ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)အသီးသီးရရှိခဲ့ကြောင်းသိရသည်။

၎င်းတို့ ၃ ဦးအနက် တစ်ဦးမှာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ ဦးမှာ သတိလစ်မေ့မျောနေပါသဖြင့် ဂရုဏာရှင်လူမှုကူညီရေးအဖွဲ့မှ ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

PAN