ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာတွင် နေထိုင်သော ဆရာ/ဆရာမ အပါအဝင် ဝန်ထမ်းများကို အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်

ဇန်နဝါရီ ၁

ယမန်နေ့ နံနက်ပိုင်းအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာတွင် နေထိုင်သော ဆရာ/ဆရာမ အပါအဝင် ဝန်ထမ်းများ(လူဦးရေ စုံစမ်းဆဲ)ကို ခင်မွန်ရွာ၏ အနောက်ဖက်ရှိ ကျီကုန်းရွာသို့  အကြမ်းဖက် PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

ထိုသို့ဖမ်းဆီးခံရသူများကို CDM(Civil Disovedience Movement)ပြုလုပ်ရန် ခြိမ်းခြောက်လက်မှတ်ရေး ထိုးခိုင်းပြီး ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။  

ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ချောင်းဦးမြို့ပေါ် အ.ထ.က ဆရာမ ၁ ဦးကို ဖမ်းဆီးသွားပြီး CDM ပြုလုပ်ရန် ခံဝန်ကတိပြုခဲ့ရပြီး ပြန်လည် လွှတ်ပေး၍ လွတ်မြောက်လာပြီဖြစ်ကြောင်းသိရှိရပါသည်။

	အခုအခါ မတရားဖမ်းဆီးခံရပြီး ပြန်လည်လွှတ်ပေးထားသော ဝန်ထမ်းများသည် မိမိတို့ချစ်မြတ်နိုးသည့် နိုင်ငံဝန်ထမ်း ဘဝကို မစွန့်လွှတ်လိုသော်လည်း၊ အသက်အန္တရာယ်အတွက် အကာအကွယ်မဲ့နေသောကြောင့် CDM ( Civil Disovedience Movement )လုပ်ခြင်း မဟုတ်ပဲ နှုတ်ထွက်ကာ အဝေးသို့ ရှောင်တိမ်းရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရှိရပါသည်။
#PAN