Online Sales မှတ်ပုံတင်ကြေး စတင်ကောက်ခံမည်

ဒီဇင်ဘာ ၃၀

       အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ (Online Sales) လုပ် ငန်း မှတ်ပုံတင်မှုအတွက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက် က စပြီး မှတ်ပုံတင်ကြေး စတင်ကောက်ခံသွားမယ်လို့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနကနေ သိရပါတယ်။ Online Sales လုပ်ငန်း မှတ်ပုံတင်စနစ်ကို အကောင်အထည် ဖော် ဆောင်ရွက်နေရာ ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၂ ရက်ကနေ ဒီဇင်ဘာလ ၃၁ ရက်အထိ မှတ်ပုံတင်များ အတွက် သက်တမ်း ၆ လ နှင့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့် ပြုလုပ်ခွင့်ပေးခဲ့သည်ဟု သိရပါသည်။

     ထို့ကြောင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစပြီး အွန်လိုင်းစနစ်နှင့် ရောင်းချသည့် (Online Sales) လုပ်ငန်းမှတ်ပုံတင်မှုအတွက် မှတ်ပုံတင်ကြေးကောက်ခံသွားမှာဖြစ်ပြီး မှတ် ပုံတင်သက်တမ်း ၂ နှစ်အထိ ခွင့်ပြုပေးမှာ ဖြစ် သည်ဟုလည်း ကုန်သွယ်ရေး ဦးစီးဌာနမှ သိရပါသည်။ ကောက်ခံသွားမည့် မှတ်ပုံ တင်ကြေးများမှာ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းများအနေနှင့် မှတ်ပုံတင်ကြေး ခုနစ်သောင်းကျပ်နှင့် သက်တမ်းတိုးကြေး ခုနစ်သောင်းကျပ်ဖြစ်ပြီး SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြုထားသည့် အထောက်အထားတစ်ခု ခုပါရှိသည့် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းများမှာ မှတ် ပုံတင်ကြေး ငါးသောင်းကျပ်နှင့် သက်တမ်းတိုးကြေး ငါးသောင်းကျပ် ဖြစ်သည် သိရပါသည်။

      လူပုဂ္ဂိုလ်တစ်ယောက်ချင်းကတော့ မှတ် ပုံတင်ကြေး သုံးသောင်းကျပ်နှင့် သက်တမ်းတိုးကြေး သုံးသောင်းကျပ် ဖြစ်သည်ဟုလည်း သိရပါသည်။ မှတ် ပုံတင်ကို ပြင်ဆင်မယ်ဆိုပါက ပြင်ဆင်ကြေးအဖြစ် တစ်ချက်ကို သုံးထောင်ကျပ် ပေးဆောင်ရမှာ ဖြစ် သည်ဟု သိရပါသည်။

      ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ မှတ်ပုံတင်ခြင်းမရှိဘဲ အွန်လိုင်း မှဈေးရောင်းချသူများကို စစ်ဆေးတွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟု သိရပါသည်။

#PAN