၂၀၂၃ ခုနှစ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားဖြစ်လာတဲ့ ရော်နယ်လ်ဒို

ဒီဇင်ဘာ ၃၀

     ရော်နယ်လ်ဒို ဟာ ၂၀၂၃ ခုနှစ်ရဲ့သွင်းဂိုးအများဆုံးကစားသမားဂုဏ်ပုဒ်ကို ထပ်မံ သိမ်း ပိုက်နိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒို က ၂၀၂၃ ခုနှစ်အတွင်း ၅၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း သွင်းဂိုးအများဆုံးဂုဏ်ပုဒ်အတွက်စီရော်နယ်လ်ဒိုနဲ့ အပြိုင်ဖြစ်ခဲ့သူတွေက ဟာရီကိန်း၊ ဘာပေ၊ ဟာလန်းတို့ဖြစ်ပြီး အစောပိုင်းမှာ ဟာလန်းက ဦးဆောင်နေပေမယ့် ဒဏ်ရာပြဿနာကြောင့် သွင်းဂိုးတွေ ရပ်တန့်သွားခဲ့ ရပါတယ်။ ဒီဇင်ဘာလနှောင်းပိုင်းမှာ ဟာရီကိန်းနဲ့ ဘာပေကို ရော်နယ်လ်ဒိုက ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

      ဟာလန်းကလည်း လာမယ့်ဇန်နဝါရီမှ ပြန်ကစားနိုင်မယ်လို့ နည်းပြ ဂွာဒီယိုလာ အတည်ပြုပြီးနောက် ရော်နယ်လ်ဒို ဟာ ဂုဏ်ယူ ဖွယ်ရာမှတ်တမ်းကို ၂၀၂၃ ခုနှစ်အတွက် ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN