ယူကရိန်းနိုင်ငံက တာဝေးပစ် အသေခံဒရုန်းအမြောက်အမြား ထုတ်လုပ်မှုစတင်

ဒီဇင်ဘာ ၃၀

     ယူကရိန်းနိုင်ငံက တာဝေးပစ် အသေခံ ဒရုန်းအမြောက်အမြား ထုတ်လုပ်မှု စတင်နေပြီဖြစ် ကြောင်း ယူကရိန်း မဟာဗျူဟာမြောက် စက်မှုရေးရာဝန်ကြီး အလက်ဇန္ဒား ကာမီရှင်း (Oleksandr Kamyshin) ၏ ပြောကြားချက်အား ကိုးကား၍ ယူကရင်းစကာ ပရပ်ဖ်ဒါ မီဒီယာက ဒီဇင်ဘာလ ၂၇ ရက်တွင် သတင်း ဖော်ပြခဲ့ ကြောင်း သိရသည်။

      သတင်းစာရှင်းလင်းပွဲတွင် ကာမီရှင်းက ကျွန်တော် တို့ ဒရုန်းတွေ အမြောက်အမြား ထုတ် လုပ်နေပြီး နောက်နှစ်တွင် ယူကရိန်းစစ်တပ်၌ ဒရုန်းတစ်ထောင်ကျော်တပ်ဆင်နိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့သည်။ အဆိုပါ ဒရုန်းသစ်များသည် အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ကျော်အထိ ပျံသန်းနိုင်ကြောင်း သိရသည်။

      ယူကရိန်းနိုင်ငံက ယခုနှစ် ဒရုန်းထုတ်လုပ်ရေးအတွက် ယူကရိန်းငွေကြေး ဟူရစ်နီယား ဘီလီယံ ၄၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၆ ဘီလီယံခန့်) သတ် မှတ်လျာထားကြောင်း သိရသည်။ ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းအနေဖြင့် လာမည့်နှစ်တွင် ဒရုန်းအစင်းရေ ၁ သန်းခန့် ထုတ်လုပ်ရန် စီစဉ် ထားကြောင်း ယခင်သီတင်းပတ်က ပြောခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN