မြဝတီနှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၃၀

     ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူး ပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထက်ကိုကိုနှင့် ဝေလင်းထွန်း (ခ)ဆံရှည် တို့ကို စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ အိုက်စ် ၃ ဒသမ ၇၈ ကီလိုကို လည်းကောင်း၊ ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဒီဇင် ဘာ ၂၅ ရက် ည ၆ နာရီ ၁၅ မိနစ်တွင်ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာအုပ်စု ကျောက်ချော ကျေးရွာအနီးတွင် ဝေဖြိုးမောင်းနှင်ပြီး စည်သူဝင်း လိုက်ပါလာသည့် TOYOTA MARK IIအမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ ဆီတိုင်ကီအံဝှက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ပြား ၁၇၅၅၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဒီဇင်ဘာ ၂၆ ရက် နံနက် ၆ နာရီတွင် အဆို ပါ စိတ်ကြွရူးသွပ်ဆေး ပြားများ သယ်ဆောင်ခိုင်းသူ ကွင်းဆက်တရားခံ မင်းသူကို ပြင်ဦးလွင်မြို့ နယ်၊ လွန်ကောင်းကျေးရွာအုပ်စု၊ မြန်ပြည်သာကျေးရွာ သုံးမိုင်ရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN