မြင်းခြံမြို့နယ်၊ညောင်တိုကျေးရွာပြည်သူ့စစ်အဖွဲ့ကို အကြမ်းဖက်သမား PDF အင်အား ၂၀၀ ခန့်က လာရောက်တိုက်ခိုက်၊ ရွာသားများကို သတ် ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက် ဆီးခြင်းများ ပြုလုပ်ခဲ့

ဒီဇင်ဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ညောင်တိုကျေးရွာရှိ နယ်မြေလုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းအဖွဲ့ အခြေပြုနေစဥ် အကြမ်းဖက်သမား PDF အင်အား ၂၀၀ ခန့်သည် ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါ သည်။

      ဧရာဝတီမြစ် အနောက်ဖက်ကမ်း မြောင်မြို့ နယ်၊ ညောင်ကားယားကျေးရွာဘက်မှ အကြမ်း ဖက် PDF များသည် Drone ၂ စီးဖြင့် Drop Bomb ၈လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ လုံခြုံရေးပူးပေါင်းအဖွဲ့က MA-7 ဖြင့် ပြန်လည်ပစ်ခတ် တိုက်ခဲ့သဖြင့် Drone ၂ စီးမှာ ညောင်ကားယားကျေးရွာဘက်သို့ ပျံသန်းသွားခဲ့သည်ဟု လုံခြုံ ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

      ဒေသခံ ရွားသားများထံမှ ရရှိသတင်းမှာ အကြမ်း ဖက် PDF အင်အား ၂၀၀ ခန့်သည် ဧရာဝတီမြစ် အနောက်ဖက်ကမ်း မြောင်မြို့နယ်၊ ညောင်ကားယားကျေးရွာမှ မြင်းခြံမြို့နယ်၊ညောင်တိုကျေးရွာဘက်သို့ ကူးလာပြီး စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ကျေးရွာနေ ဆေးဆရာ ၁ ဦးနှင့် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်၏ တူဖြစ်သူ ၂ ဦး စုစုပေါင်း ရွာသား ၃ ဦးကို သတ်ဖြတ်ပြီး မီးရှို့သည့် အိမ်ထဲသို့ ထည့်ခဲ့ကြောင်း၊ ဆရာတော် ၁ ပါးနှင့် ရွာသူ/ရွာသား ၃၀ ဦးခန့် ဖမ်းဆီးခေါ်ဆောင် သွားကြောင်းနှင့် ပြည်သူစစ်အဖွဲ့ဝင်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက် ဆီးသွားခဲ့ကြောင်း သိရပါသည်။

      ” အကြမ်းဖက် PDF အဖွဲ့က အင်အား ၂၀၀ လောက်ရှိတယ်၊ နေ့လယ် ၁၂ နာရီလောက်မှာ လာတိုက်တယ်၊ ရွာမှာ ပြည်သူ့စစ်ရှိတော့ လာတိုက်တာ၊ လုံခြုံရေးအဖွဲ့က ရွာမှာ မရှိဘူး၊ နောက်မှ လာတယ်လို့တော့ သိရတယ်၊ ပြည်သူ့စစ်အဖွဲ့က မိနစ် ၅၀ လောက် ခံပစ်သေးတယ်၊ နောက် ကျည်ကုန်တော့ ရွာအပြင်သို့ ဆုတ်သွားကြတယ် ” ဟု အဆိုပါ ညောင်တိုရွာမှ ရွာ သား တစ်ဦးက PAN သို့ ပြောကြားလာသည်။

     အကြမ်းဖက်PDF များက ညောင်တိုကျေးရွာကို လွန်ခဲ့သော ၁ လခန့်ကတည်းက Drone ဖြင့် Drop Bomb များ မကြာခဏ ပစ်ချတိုက်ခိုက်ပြီး ကျေးရွာနေပြည်သူများ အသက်ထိခိုက်ဆုံးရှုံးမှုများနှင့်လည်း မကြာခဏရင်ဆိုင်ခဲ့ရ​ကြောင်း အဆိုပါရွာသားမှ ဆက်ပြောပြသည်။

     အဆိုပါတိုက်ပွဲတွင် ညောင်တိုပြည်သူ့စစ် (ဌာနေ)မှ ဦးစန်းခိုင်၊၄၂နှစ်၊(ဘ)ဦးသန်းရွှေ၊ညောင်တိုကျေးရွာနေသူတွင် ယာ-လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ကာ ကျေးရွာသား သာမန်ပြည်သူ ဦးအောင်သိုက်၊၃၉ နှစ်၊(ဘ)ဦးသိုက်၊ညောင်တိုကျေး ရွာနေသူမှာ ယာ-နံဘေး ဗုံးစဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ဦးစန်းခိုင်အား မိတ္ထီလာမြို့၊အမှတ်(၁) တပ်မတော်စစ်ဆေးရုံ(ကုတင်- ၅၀၀)သို့ ပို့ဆောင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN