နွားထိုးကြီးမြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးကို အကြမ်းဖက်သမား PDF များက သတ် ဖြတ်

ဒီဇင်ဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ဖလံကုန်းကျေးရွာ၌ ယနေ့ နံနက်ပိုင်းက အမျိုး သား တစ်ဦးကို စိစစ်ဆဲ အကြမ်းဖက်သမား PDF များက သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

       နွားထိုးကြီးမြို့နယ်၊ဖလံကုန်းကျေးရွာနေသူ ဦးမောင်မှုံ၊ ၅၅နှစ်၊(ဘ)ဦးလှသန်း၊တောင်သူသည် သမီးဖြစ်သူ မထွေးထွေး၊၂၄နှစ်၊ မဖွေးဖွေး၊၁၅ နှစ် တို့နှင့်အတူ ယာတောမှပြန်လာပြီး နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ထမင်းစားရန်ပြုလုပ်နေစဥ် ပုဆိုးများခြုံ၍ မျက်နှာတွင် အဝတ်များစီးထားသော (စိစစ်ဆဲ) အကြမ်းဖက်သမား PDF  ၅ ဦးက ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာကာ ” မောင်မှုံဆိုတာ ခင်ဗျားလား ထွက်ခဲ့ ”ဟုပြောဆိုပြီး မြေပြင်တွင် ဝမ်းလျားမှောက်ခိုင်းကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ် ကြောင်း သိရပါသည်။

       အခင်းဖြစ်ရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်မှုံ အား ယာဘက် လက်မောင်း ဖောက်ဝင်/ထွက်ဒဏ်ရာ ၂ ချက်၊ ယာဘက်ပါးမှ ဖောက်ဝင်ပြီး ဝဲဘက် နားထင် ပွင့်ထွက်ဒဏ်ရာ ၂ ချက်၊ ဝဲဘက် လက်ဖျံ ဖောက်ဝင်/ထွက်ဒဏ်ရာ ၂ ချက်တို့ဖြင့် ၎င်း၏နေအိမ်ခြံဝင်းအတွင်း လဲကျသေ ဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

       သေဆုံးသူ ဦးမောင်မှုံ သည် ပြည်ခိုင်ဖြိုး ပါတီဝင် တစ်ဦးဖြစ်ပြီး ပြည်ပြေးအကြမ်းဖက် NUG ၏ အစွန်း ရောက် အကြမ်းဖက်ဝါဒအရ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဝန်းရံသူများကို ၎င်းတို့၏ ရန်သူအဖြစ် သတ်မှတ်ကာ PDF အမည်ခံ အကြမ်းဖက်သမားများက ယခုလိုလိုက်လံသတ်ဖြတ်နေခြင်း ဖြစ်သည်။

#PAN