ချမ်းအေးသာစံမြို့နယ်တွင် အသက်(၅၀)ကျော်အရွယ်အမျိုး သားတစ်ဦး ကားမောင်းနေစဥ် ရုတ်တရက်လေဖြတ်ပြီးသေဆုံး

ဒီဇင်ဘာ ၃၀

       မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဥ္စနမဟီရပ်ကွက်၊ လမ်း၈၀နှင့်၂၉လမ်းထောင့်၊ မောင်ကိန်းရွှေဆိုင်ရှေ့တွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် အသက် ၅၃ အရွယ်အမျိုး သားတစ်ဦး ကားမောင်းနေစဥ် ရုတ်တရက်လေဖြတ်သွားရာ ဆေးရုံကို ပို့ဆောင်ခဲ့ သော် လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

      အဆိုပါ အမျိုးသား(စိစစ်ဆဲ)သည် ကားမောင်းလာစဥ် ရုတ်တရက် လေဖြတ်သွားသော ကြောင့် ကားမှာ လမ်းဘေးပလက်ဖောင်းကို တိုက်မိပြီး ရပ်တန့် သွားခဲ့ကြောင်း၊ အနီးအနားရှိ ပြည်သူများက လုနာတင်ယာဥ်ကို ဆက်သွယ်ခေါ်ယူပြီး လူနာတင်ယာဥ်ဖြင့် ဆေးရုံကိုပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိပါသည်။

#PAN