ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက နေအိမ်ကို ဖောက် ထွင်းပြီး ပစ္စည်းများသယ်ယူ

ဒီဇင်ဘာ ၃၀

     ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၂) ရပ် ကွက်၊ ၀င်းကြီးဘုရင့်နောင်လမ်း၊ အမက (၂) ကျောင်းလမ်းဘေးနားရှိ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးတိုးကြွယ် ၏နေအိမ်သို့ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကား ၁ စီးဖြင့် ရောက်ရှိလာပြီး ဦးတိုးကြွယ်၏ နေအိမ်ထဲရှိ ပစ္စည်းများကို ဖောက်ထွင်းရယူနေပြီး နေအိမ်အားမီးရိူ့ရန် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ သတင်းကို ရပ်ကွက်နေ တာဝန်သိပြည်သူများက လုံခြုံရေးအဖွဲ့သို့ လျှို့ဝှက် ဖုန်းဆက် သတင်းပို့အကြောင်းကြားလာသဖြင့် နံနက် ၁၁ နာရီအချိန်ခန့်တွင် ချောင်းဦးစေတီဘက်မှ လက်နက်ကြီးပစ်ကူပေး ရှင်းလင်းရာ အကြမ်းဖက်သောင်ကျန်းသူများသည် ပစ္စည်းများသာဖောက်ထွင်းယူ ဆောင် သွားခဲ့ပြီး နေအိမ်ကို မီးရှို့နိုင်ခြင်းမရှိတော့ဘဲ ထွက် ပြေးသွားကြကြောင်း သိရပါသည်။

       အကြမ်းဖက်သောင်ကျန်းသူများသည် ထိုကဲ့သို့ အိမ်ဖောက်ထွင်းမှု ပြုလုပ်ပြီး မကြာမီပင် နဂါးဖြူစစ်ကြောင်းမှ ထောက်ပို့တာဝန်ခံ ကော့ကရိတ်ဇာတိမြို့ခံ၊ ကော့ကရိတ်နဂါး (ခ)မောင်ဇင်ဦး၏ ” ဒေါနကျား” အမည်ရှိ Facebook Account တွင် ဖောက် ထွင်းယူဆောင်ပြီး ကားပေါ်တင်ထားသောပစ္စည်းများကို Video ရိုက်ကူး၍ ” ၎င်းတို့နဂါးဖြူစစ်ကြောင်းအား ပြည်သူများမှ ထောက်ပို့လှူဒါန်းခြင်းဖြစ်သည် ” ဟု လိုင်းပေါ်တင်ကာ  သတင်းအမှား လုပ်ကြံဖန်တီး ထား သည်ဟု သိရပါသည်။

      အဆိုပါ ‘ ဒေါနကျား” အမည်ရှိ Facebook Account တွင် ”ပြည်သူ့စီကသာ ကျည်ဖိုးရမယ်ဆိုရင် ကော့ကရိတ်ကို သိမ်းဖို့မခဲရင်(ရင်း)ပါဘူး” ဟု ဖော်ပြပြီး ကော့ကရိတ်မြို့ဖျက်ရန် ပြည်သူလုထုထံမှ အလှူခံနေသည်ကိုလည်း တွေ့ရပါသည်။

      အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ KTLA / PDF အဖွဲ့များသည် ယနေ့  မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် ကော့ကရိတ်မြို့ရှိ ဗလီအားလုံးတွင် စုဝေးရောက်ရှိ နေရာယူထားပြီး အဓိကကျသော ဗလီမှာ ကော့ကရိတ်မြို့၊ အမှတ်(၆) ရပ် ကွက်၊ နေကြာလမ်းရှိ ဗလီကြီးဖြစ်ပြီး မြေ အောက်ခန်းများပါရှိကြောင်း၊ ၎င်း နေရာများတွင် ခိုအောင်းနေကြောင်း မြို့ခံပြည်သူများက သတင်းပေးပို့လာသည်။

#PAN