အနောက်အုပ်စုမှ အင်အားကြီးနိုင်ငံများက ကမ္ဘာတစ်ဝန်းတွင် ပြဿနာများဖြစ်အောင်လုပ်ဆောင်နေဟု ရုရှားပြော

ဒီဇင်ဘာ ၂၉

     အနောက်အုပ်စုမှ အင်အားကြီးနိုင်ငံများသည် ကမ္ဘာတစ်ဝန်းတွင် ပြဿနာများနှင့်အကျပ် အတည်းများ ဖြစ်အောင် ဖန်တီးလုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပြောသည်။ ထို့ပြင် အဆိုပါ နိုင်ငံများ သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် တခြားသူများ၏ အရင်း အမြစ်များကို အသုံးချ နေခြင်းဖြစ်ကြောင်း လက်ရော့က ဆက်ပြောသည်။

      ရုရှား၊ တရုတ်၊ အိန္ဒိယတို့က ပိုမို မျှတမှုနှင့်ညီမျှမှုရှိသော ပုံစံ ဖြင့် ကမ္ဘာ့နိုင်ငံရေးကို ပြန် လည်ပုံဖော်နိုင်မည့် နည်းလမ်းတစ်ရပ် လိုအပ်ကြောင်း တွင်တွင်ပြောလာနေစဉ် လက်ရော့၏ ပြောဆိုချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။ လက်ရော့က လက်ရှိတွင် ကမ္ဘာကြီးက ရုန်းရင်းဆန် ခတ်ဖြစ်နေသော အခြေအနေတွင်သာ ရှိနေပြီး ယခုလိုဖြစ်ရခြင်းသည် အနောက်အုပ်စုမှ အင် အားကြီးနိုင်ငံတချို့က ၎င်းတို့နှင့်ဝေးကွာသောနေရာမှ အကျိုးစီးပွားရရှိရန်အတွက် ပဋိပက္ခများကို ဖန်တီးနေခြင်းဖြစ်သည်ဟုပြောသည်။

      ထို့ပြင် အနောက်အုပ်စုက ၎င်းတို့၏လွှမ်းမိုးမှုကိုဆက်လက်စွဲကိုင်ထားပါကပထဝီနိုင်ငံရေး လှည့်ကွက်များ မှ မည်သူမျှ ဘေးကင်းလုံခြုံမှုရှိမည်မဟုတ်ကြောင်း လက်ရော့က ဆက်ပြော သည်။ အလားတူ အနောက်အုပ်စုမှ နိုင်ငံများ သည် မကြာမီအချိန်အတွင်း ဗဟုဝင်ရိုးကမ္ဘာကြီး၏ လက်တွေ့ဖြစ်တည်မှုများကို လက်ခံရတော့မည် ဖြစ် ကြောင်းနှင့် ကိစ္စရပ်များအားလုံးကို ဟန်ချက်ညီ အကျိုးကျေးဇူးအပေါ်အခြေခံ၍ ဖြေရှင်းလာကြရမည် ဖြစ် ကြောင်း လက်ရော့က ပြောထားသည်။

      ရုရှား-ယူကရိန်း ပဋိပက္ခကို ကြည့်မည်ဆိုပါက အနောက်အုပ်စုသည် NATO အုပ်စုအတွက် နယ်မြေချဲ့ထွင်နိုင်ရန် ယူကရိန်းနိုင်ငံကို မြေက တုတ်အဖြစ် အသုံးပြုလုပ်ဆောင်ခြင်းကြောင့် ဖြစ် ပေါ်လာရခြင်းဖြစ်ကြောင်း လက်ရော့ က မှတ်ချက်ပြုပြောထားသည် ဟု RT သတင်းဌာနဖော်ပြချက်အရ  သိရသည်။

#PAN