ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅ ခု အတည်ပြုပေးခဲ့

ဒီဇင်ဘာ ၂၉

     ဒီဇင်ဘာလ ၂၇ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေ သကြီး၊ ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ် နှံမှု ကော်မတီရုံးမှာ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှု ၅ ခုကို အတည်ပြုပေးခဲ့သည်ဟု သိရပါသည်။

      အဆိုပါရင်းနှီးမြှပ်နှံမှု ၅ ခုများမှာ စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ် ငန်း ၃ ခုနှင့် ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုတို့ကို အတည်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ၏ မတည်ငွေရင်းပမာဏမှာ ကျပ်ငွေ ၈,၉၅ဝ ဒသမ ၂၃၈ သန်းနှင့် အမေရိကန်ဒေါ်လာ ၇ ဒစသမ ၀၂၀ သန်းဖြစ်ပြီး လုပ်သား ၁,၇၁၉ ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာ ဖြစ်သည်ဟု ဆိုပါသည်။

      ယခုလို အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်နှင့် အဝတ်အထည်မျိုးစုံ ချုပ်လုပ်ပြီး ပြည်ပကို ရာခိုင်နှုန်းပြည့်တင်ပို့သည့် လုပ်ငန်း၊ နိုင်ငံ တကာအဆင့်မီ တန်ဖိုးမြှင့်ဆန် ထုတ် လုပ်ရောင်းချသည့် လုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ပြည်ပ တင်ပို့မည့် ပဲအမျိုးမျိုး ကြိတ်ခွဲသန့်စင်ထုတ်လုပ်သည့် လုပ်ငန်းများ ဖြစ်သည်ဟု သိရပါသည်။ ထို့အပြင် ပြည်တွင်း၌ ၁၀၀ ရာခိုင်နှုန်း ရောင်းချမည့် ဆောက်လုပ်ရေးလုပ် ငန်းသုံး ကျောက်အမျိုးမျိုး ကြိတ်ခွဲ ရောင်းချသည့် လုပ် ငန်း၊ CMP စနစ်နှင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်းများ ပါဝင်သည်ဟု သိရပါ သည်။

#PAN