မြောက်ဦးမြို့၊ မြောင်းဘွေကျေးရွာ အနီးဝန်းကျင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာ ကို တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သား များ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာ များတွင် ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၉

      ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာ အနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော်ကလေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်း ဖက်အားပေး ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် RFA မှ ကောလာ ဟလသတင်းများကို လူမှုကွန် ရက်စက်မျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

     အဆိုပါ သတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်အရ AAသောင်း ကျန်းသူ အဖွဲ့သည် မြောင်းဘွေရဲစခန်းနေရာအား Drone များအသုံးပြု၍ အဝေးမှလာရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက  Drone Gun များဖြင့် တန်ပြန်အသုံးပြု တိုက် ခိုက်ခဲ့မှု ကြောင့် ၎င်းတို့ ၏ Drop ဗုံးသီးများ ဝန်းကျင်ကျေးရွာများအနီး ကျရောက် ပေါက်ကွဲခြင်းများ ရှိကြောင်းနှင့် တပ်မတော်မှ ၎င်းရက်တွင် လေကြောင်းတိုက် ခိုက်မှုပြုလုပ်ခြင်း မရှိကြောင်း သိရှိရသည်။

          အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ် ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး သေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ တစ်ခုဖြစ်သည့် Khit Thit Media မှ ကောလာ ဟလ သတင်းများကို လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေး မြန်းချက်အရ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံ ရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင် များအနေဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု မရှိကြောင်း သိရှိရသည်။

          အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများ အနေဖြင့် AA သောင်းကျန်းသူအဖွဲ့၏ လုပ် ရပ်များကို ဖုံးကွယ်ပေးရန်၊ နိုင်ငံတကာစာမျက်နှာများတွင် တပ်မ တော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ဒေသခံတိုင်း ရင်းသား ပြည်သူများမှ တပ်မတော်အပေါ် အထင် အမြင် လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲကာ သတင်းမှားများ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN