မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အိမ်သို့ အမျိုးသား ၅ ဦးက လာရောက်ပြီး ဆဲဆို၍ သေနက်အတု ၂ လက်ဖြင့် အကြမ်းဖက်ခြိမ်း ခြောက်

ဒီဇင်ဘာ ၂၉

     မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အရှေ့ရပ်ကွက်ရှ်ိ ၂၀၂၀ ခုနှစ်က ပြည်ခိုင်ဖြိုးရပ်ကျေးရုံး ဖွင့်လှစ်ထားခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်ကြသော ဦးညွန့်ဝင်း၊ သားမောင်အောင်ပိုင်စိုး အိမ်သို့ ယမန် နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ် ၂ စီးအမျိုးသား ၅ ဦး ရောက်ရှိလာပြီး ဆဲဆို၍ သေနက်အတု ၂ လက်ဖြင့် အကြမ်းဖက်ခြိမ်းခြောက်သဖြင့် ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ၄ ဦး မှာထွက်ပြေးပြီး ၁ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု သိရပါ သည်။

       ဖမ်းဆီးရမိသူမှာ ချမ်းမြေ့သူ (ခ) ကိုချမ်း၊ ၃၀ နှစ်၊ (ဘ) ဦးမောင်မောင် (ခ) စနေမောင်မောင်၊ အကွက် (၄၀၅) လက်သမားရပ်၊သံလျက်မှော်အနောက်ရပ် ကွက်၊ မဟာအောင်မြေမြို့နယ်နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

      အဆိုပါ ဖမ်းဆီရမိသူ ချမ်းမြေ့သူ (ခ) ကိုချမ်း ကို သံလျက်မော်အရှေ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများထံအပ်နှံပြီး ကျန်တရား ခံများပါ ဖမ်းဆီးရမိရေး စုံ စမ်းစစ်ဆေး၍ ဥပဒေနှင့် အညီအမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN