တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၉

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လက်ပံလှ-စဉ့်ကူးယာယီ စစ်ဆေးရေးစခန်း၌
မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာ တမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်သုံးဆီ ဓာတ်ဆီ 92 ဂါလန် ၁၉၂၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ၃၃,၇၅၆,၇၇၇ ကျပ်)နှင့် အဆို ပါစက်သုံးဆီများ တင်ဆောင်လာသည့် Fuso Truck တစ်စီး(ခန့် မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစု ပေါင်း ခန့်မှန်းတန်ဖိုးငွေ ၅၈,၇၅၆,၇၇၇ ကျပ် )ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

     ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၁၉၂ တန် (ခန့်မှန်းတန်ဖိုးငွေ ၁,၁၈၉,၆၀၄ ကျပ်) ကို သိမ်း ဆည်းရမိခဲ့ပြီး သစ် တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အချိုရည်ပုလင်း ၁၀၀၀၀၊ ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၀၀၊ Wai Wai ကြာဆံအထုပ် ၃၉၀၀၊ 108 Detergent ဆပ်ပြာမှုန့်အထုပ် ၃၂၀၊ ဘောင်းဘီရှည်အထည် ၂၈၀ (ခန့်မှန်းတန် ဖိုးငွေကျပ် ၁၇,၆၄၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၆၄၀,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် (၁၀၆) ရပ်ကွက်၌ တရားမဝင်စက်သုံးဆီဓာတ်ဆီဂါလန် ၁၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅,၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် မကွေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ တရားမဝင် ရေနံစိမ်း ၁၁ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅,၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၅၅,၀၀၀)ကို သိမ်း ဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာပျဉ်းမနားမြို့ နယ်နှင့် လယ်ဝေးမြို့နယ်၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၅၄ တန်နှင့် အခြားသစ် ၁ ဒသမ ၇၂၄ တန် စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၅,၃၄၀)ကို သိမ်း ဆည်းရမိခဲ့ပြီး သစ် တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၀၅,၅၂၁,၇၂၁ ကျပ်)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

#PAN