စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ပြည် သူ့စစ်ထဲသို့ မဝင်သူများကို တစ်အိမ်ထောင် လျှင် ကျပ်သုံးသောင်းပေးနေရကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာ မျက်နှာ များတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၉

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ ဒေသခံများအနေဖြင့် ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ကြရန်၊ မဝင်ရောက်လိုသူများအနေဖြင့် ပြည်သူ့စစ်များအတွက်စရိတ်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ကျပ်သုံးသောင်း ပေးနေရကြောင်း၊ ပြည့်သူစစ်ထဲသို့ ဝင်ရောက်မည်ဆိုပါ က တစ်လလျှင် ကျပ်သိန်း ၃၀ နှင့် မိသားစုအတွက်ပါ ထောက်ပံ့ပေးမည်ဟု စည်းရုံးမှုများရှိ နေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာ မျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုနှင့် မြေ ပြင်စုံစမ်းတွေ့ရှိချက်များအရ သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့များက ဒေသခံပြည်သူများအား ပြည်သူ့စစ်တပ်ဖွဲ့သို့ ဝင်ရောက်ရန်စည်းရုံးခြင်းနှင့် ငွေကြေး ကောက်ခံမှုများမရှိကြောင်း သိရှိရပြီး ၎င်းသတင်းမှာ ဝါဒဖြန့်သတင်းအမှားတစ်ခုဖြစ်သည်။

      အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် လက် ရှိဖြစ်ပေါ်နေသော အခြေအနေ များကို အခွင့်ကောင်း ယူ၍ မြို့၊ရွာများတွင် နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လူသတ်၊ မိုင်းခွဲခြင်းနှင့် ငွေ ကြေးတောင်းခံမှုများကိုလုပ်ဆောင်နေခြင်းကြောင့် ဒေသခံပြည်သူများမှ လုံ ခြုံရေးတပ်ဖွဲ့များနှင့် အတူလက်တွဲ၍ အကြမ်းဖက်သောင်း ကျန်းသူများကို ခုခံတိုက်ခိုက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN