ချမ်းအေးသာစံမြို့နယ် ၈၀×၂၉ လမ်းထောင့်၊မောင်ကိန်း ရွှေဆိုင်အနီးတွင် အလုပ်သင် ဒုရဲအုပ်ရဲမေ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ဒီဇင်ဘာ ၂၉

     မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်၊ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၈၀×၂၉ လမ်းထောင့်၊မောင်ကိန်း ရွှေဆိုင်အနီးတွင် အလုပ်သင် ဒုရဲအုပ်ရဲမေ တစ်ဦးကို (အမည်/အင်အားစိစစ်ဆဲ) အကြမ်းဖက် PDF များက ယနေ့ ညနေပိုင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရပါသည်။

       ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရုံးလုပ် ငန်းတာဝန်များ အလုပ်သင်တာဝန်ဖြင့် ၂၇ – ၁၂ – ၂၀၂၃ ရက်နေ့ မှ ၂၇ – ၁၂ – ၂၀၂၄ ရက်နေ့အထိ အလုပ်သင်ကာလ ၁ နှစ် တွဲဖက်ထားရှိသော အမှတ် (၃)နယ်မြေရဲစခန်းမှ အလုပ်သင် ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ)ဂျက်မသည် ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အလုပ်သင် ရုံးလုပ် ငန်းဆိုင်ရာများ ဆောင် ရွက်ပြီး ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ရုံးဆင်း၍ အရပ်ဝတ်ဖြင့် ၎င်းနေ ထိုင်ရာ အမှတ်(၃)နယ်မြေရဲစခန်းသို့ Kenbo 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်၊ယာဥ်အမှတ် —– ဖြင့် ၂၉လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်ပြီး လမ်း ၈၀ မြောက်ဘက်သို့ ချိုးကွေ့ရန်အတွက် ၂၉×၈၀ လမ်းဆုံတွင် ဆိုင်ကယ်ရပ်ဆိုင်းနေစဉ် (အမည်/အင်အားစိစစ်ဆဲ) အကြမ်းဖက် PDF များက လက်နက်ငယ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခြင်း ဖြစ်သည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့် တွင် ဝဲဘက်လည်ပင်း ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် ရရှိကာ သတိ ကောင်းစွာရရှိလျှက်ဖြင့် အဆိုပါနေရာ လမ်းပေါ်တွင် လဲကျခဲ့သည်ဟု မျက်မြင်များ၏ ပြောပြ ချက်အရ သိရပါသည်။ ဖြစ်စဥ်နေရာသို့ သက် ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတို့ ရောက်ရှိပြီး ဒဏ်ရာရရှိသူ ဒုရဲအုပ် မေသဉ္ဇာဝင်းပြည့်အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်လူနာဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါ သည်။

#PAN