ကလောနှင့် တာချီလိတ်မြို့နယ်တို့၌ မူးယစ်ဆေး ဝါးများ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၉

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ကလော မြို့နယ် လွယ်အံကျေးရွာအုပ်စု အင်းပြင်ကျေးရွာရှိ မခင်သန်းနု ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၄၆၀၀ ကို သိမ်းဆည်းရမိခဲ့သည်။

      အလားတူ ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု ကြိုး တံတားကျေးရွာရှိ ကျော်သူရ(ခ) သူရ ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁ ကို သိမ်းဆည်းရမိခဲ့သည်။

      ထိုသို့ ဖမ်းဆီးရမိ တရားခံများအား မူးယစ်ဆေး ဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်းသိရသည်။

#PAN