အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို သမ္မတ ဂျိုးဘိုင်ဒင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ အမေရိကန်လူငယ် ၇၂ ရာခိုင်နှုန်းက ကြိုက်နှစ်သက်မှုမရှိ

ဒီဇင်ဘာ ၂၈

      အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို သမ္မတ ဂျိုးဘိုင်ဒင်၏ ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ အမေရိကန်လူငယ် ၇၀ ရာခိုင်နှုန်းကျော်က ကြိုက် နှစ်သက်မှုမရှိကြောင်း သဘောထားစစ်တမ်းတစ်ခုတွင် ထုတ် ဖော်ပြသခဲ့သည်။

     The New York Times သတင်းစာနှင့် Siena ကောလိပ်တို့သည် ၎င်းအကြောင်းအရာနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း မှတ်ပုံတင်ထားသည့် မဲပေးသူ ၁၀၀၀ ခန့်ကို စစ်တမ်းကောက်ယူခဲ့သည်။

      စစ်တမ်းတွင် ဖြေဆိုသူ ၅၇ ရာခိုင်နှုန်းက ဘိုင်ဒင် ၏ ၎င်းအရေး ကိုင်တွယ်ပုံကို ပြင်းပြင်း ထန်ထန်ကန့် ကွက်ကြောင်း တွေ့ရပြီး ၃၃ ရာခိုင် နှုန်းက ထောက်ခံခဲ့ကာ အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူငယ် ၇၂ ရာ ခိုင်နှုန်းက မနှစ်သက်ကြောင်း ပြောကြားသည်။

      စစ်တမ်းဖြေဆိုသူ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများတွင် ၄၁ ရာခိုင်နှုန်းက မနှစ်သက်ကြောင်း ဖြေ ကြားပြီး ၅၂ ရာခိုင်နှုန်းက သဘောတူကြောင်း သိရသည်။

      ၎င်းပဋိပက္ခတွင် မည်သည့်ဘက်က စာနာကြောင်း မေးမြန်းရာတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား ဖြေဆိုသူ ၂၇ ရာခိုင်နှုန်းက အစ္စရေးကို ရွေးချယ်ခဲ့ပြီး ၄၆ ရာခိုင်နှုန်းက ပါလက်စတိုင်းဘက်မှရပ်တည်ခဲ့သည်။ ၎င်းမေးခွန်းနှင့် ပတ် သက်၍ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၏ ၆၃ ရာခိုင်နှုန်းသည် အစ္စရေးကို ရွေးချယ်ခဲ့ပြီး ၁၁ ရာခိုင်နှုန်းက . ပါလက်စတိုင်းကို ရွေးချယ်ခဲ့ကြသည်။

       The New York Times က “မျိုးဆက် ကွာ ဟချက်အရ သက်ကြီးရွယ်အိုများသည် ၇၅ နှစ်ကြာ အစ္စရေးနှင့် ပါလက်စတိုင်းတို့အကြား ပဋိပက္ခကို မြင်တွေ့ကြားသိခဲ့ရသဖြင့် လူငယ်များနှင့် အမြင်ချင်း ကွဲပြားနိုင်ကြောင်း ပြောကြားသည်။

#PAN