မြန်မာကထွက်သော ဝဥအခြောက်နှင့် ဝဥအမှုန့် များ တရုတ်နှင့် ဂျပန်နိုင်ငံများကို အဓိက တင်ပို့နေ

ဒီဇင်ဘာ ၂၈

      ပြည်တွင်း၌  စိုက်ပျိုးထွက်ရှိသော  ဝဥများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲပြီး ပြည်ပစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများကို လက်ရှိတွင် ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချလျက်ရှိကြောင်း ဝဥ စိုက်ပျိုးတင်ပို့ ရောင်းချသူများထံမှ သိရပါသည်။

      ၀ဥတွင် အမှုန့်၊ အခြောက်၊ အသားနှင့်  မျိုးဈေး ကွက်ဆိုပြီး  ဈေးကွက်အမျိုးအစားများရှိနေရာ လက်ရှိတွင် ဝဥအစိုကုန်ကြမ်းများကို ဝဥအခြောက်အဖြစ် ပြုလုပ်ကာ တင်ပို့နေသကဲ့သို့ အမှုန့်ပြုလုပ်ပြီး တင်ပို့လျက်နေသည်ဟု သိရပါသည်။

      ဝဥ အခြောက်များကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများထံသို့ အဓိကတင်ပို့ရောင်းချပြီး ၀ဥအမှုန့်များကို ဂျပန်နိုင်ငံသို့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀/ ၆၀ဝ ဝန်းကျင်နှင့် တင်ပို့ရောင်းချလျက်ရှိရာ ဝဥအခြောက် တစ်ပိဿာကိုအမှုန့် ၆၃ ကျပ်သားကနေ ၆၈ ကျပ်သားအထိရရှိပြီး ၂၅ ကီလိုဂရမ် အထုပ်များ ထုပ်ပိုးကာ မှာယူသည့် ပြည်ပနိုင်ငံသို့ တင်ပို့သည်ဟု သိရပါသည်။

      လက်ရှိပြည်တွင်းဈေးကွက်အတွင်း ဝဥအခြောက် တစ်ပိဿာကို ငွေကျပ် ၁ဝ,ဝဝဝ ဈေးရှိပြီး ၀ဥအမှုန့် တစ်ပိဿာကို ငွေကျပ် ၁၃,ဝဝဝ စျေးရှိကြောင်းနှင့် ၀ဥ ကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးအများအပြားတွင် စိုက်ပျိုးလျက်ရှိသည်ဟု သိရပါသည်။

#PAN