မင်းပြားမြို့နှင့် မြောက်ဦးမြို့ကြား မြောင်းဘွေခြေကုတ်စခန်းကို AA အကြမ်းဖက်သောင်းကျန်း သူ ၁၀၀ ခန့်ကလာရောက်တိုက်ခိုက်သော်လည်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေး

ဒီဇင်ဘာ ၂၈

     ရခိုင်ပြည်နယ်၊ မင်းပြားမြို့နှင့် မြောက်ဦးမြို့ ကြား၊ မြောက်ဦးမြို့နှင့် ကပ်လျက်ရှိသော တပ်မ တော် မြောင်းဘွေခြေကုတ်စခန်းကို AA အကြမ်းဖက်သောင်း ကျန်းသူ ၁၀၀ ခန့်က ယနေ့ နံနက် ၁၀ နာရီအချိန့်ခန့်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

      အဆိုပါ ခြေကုတ်စခန်းမှာ နယ်မြေခံတပ်နှင့် ရဲတပ် ဖွဲ့ ပူးပေါင်းလုုခြုံရေးယူထားသော စခန်းဖြစ်ပြီး  AA အကြမ်း ဖက်သောင်းကျန်းသူများက လာရောက်တိုက်ခိုက်သောအခါ ကြိုတင်ရေးဆွဲထားသည့် ခံစစ်စီမံချက်အတိုင်း ခြေလျင်လက်နက်ကြီးပစ်ကူရယူပြီး ချေမှုန်းတိုက်ခိုက် သည်ဟု လုံခြုံရေးအဖွဲ့ထံမှ သိရပါသည်။

      တိုက်ပွဲတွင် အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့မှာ ၎င်းတို့၏ အလောင်းများပင် မကောက်နိုင်ဘဲ  ဆွဲလို့ရသည့် အလောင်း/လက် နက်များနှင့် ဒဏ်ရာရသူများကိုသာ လေးမြို့မြစ်ထဲ၌ စောင့်နေသော စက်လှေများနှင့် တင်ပြီး ထွက်ပြေးသွားသည်ဟု အဆိုပါစခန်းမှ သိရသည်။

       တိုက်ပွဲအပြီးတွင် အကြမ်းဖက်သမား AA အလောင်း ၁၀ လောင်း၊ M-22 သေနတ် ၅ လက်၊ တရုတ်လက်ပစ်ဗုံး ၄ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN