ဖလော်ရီဒါပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦးသည် ခရစ္စမတ်လက်ဆောင်ကြောင့် အမဖြစ်သူအား သေနတ်ဖြင့် ပစ်သတ်ခဲ့

ဒီဇင်ဘာ ၂၈

     ၎င်း၏ ၁၁ လသားအရွယ်သားကို ကလေးကယ်ရီယာတွင် ကိုင်ဆောင်ထားသည့် ဖလော်ရီဒါပြည်နယ်မှ အမျိုးသမီးတစ်ဦးသည် သူမ၏ ၁၄ နှစ်အရွယ်မောင်ဖြစ်သူ၏ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု The Guardian သတင်းတွင်ဖော်ပြထားသည်။

    အသက် ၁၅ နှစ်အရွယ် အစ်ကိုဖြစ်သူနှင့် ခရစ္စမတ်အကြိုနေ့က ခရစ်စမတ်လက်ဆောင်များနှင့် ပတ် သက်၍ ငြင်းခုံနေစဉ် ၁၄ နှစ်အရွယ် ညီဖြစ်သူက ၎င်း ၏ ၂၃ နှစ်အရွယ်အမဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ အသက် ၁၅ နှစ်အရွယ် အစ်ကိုဖြစ်သူလည်း လက်နက်ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

      ၁၅ နှစ်အရွယ် အစ်ကိုဖြစ်သူကလည်း တနင်္လာနေ့က Tampa မက်ထရိုဧရိယာတွင်ရှိသော ဖလော်ရီဒါပြည်နယ် Largo တွင် ၎င်း၏ အမကို သတ်ခဲ့သည့် အတွက် အသက် ၁၄ နှစ်အရွယ် ညီဖြစ်သူကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း Pinellas ခရိုင်ရဲအရာရှိရုံးက သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

      အကိုဖြစ်သူက ညီဖြစ်သူအား အိမ်အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အိမ်မှထွက်ပြေးကာ အနီးနားရှိ ခြံဝင်းအတွင်း သေနတ်ဖြင့် ပစ်ပေါက်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။  သူ့ကိုယ်သူ အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခဲ့သည့်အတွက် သူ့ကို စိတ်ကျန်းမာ ရေးဌာနကို ခေါ်ဆောင်သွားခဲ့သည်။  စိတ်ကျန်း မာရေးဌာနမှ လွတ်မြောက်လာပါက လူငယ်ထိန်း သိမ်းရေးစခန်းသို့ ခေါ်ဆောင်သွားမည်ဖြစ် ကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

     မောင်နှမ သုံးယောက်သည် မိခင်နှင့် အမဖြစ်သူ၏ ခြောက်နှစ်နှင့် ၁၁ လအရွယ်ရှိ သားနှစ်ယောက်နှင့်အတူ ခရစ္စမတ်ဈေးဝယ်ထွက်စဉ် လက်ဆောင်များအကြောင်း စကားများရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ခရစ္စမတ်အကြိုနေ့က အစ်ကိုဖြစ်သူနှင့် စကားမငြင်းခုံရန် အသက် ၂၃ နှစ်အရွယ် အစ်မဖြစ်သူက အဖွားအိမ်ကို သွားချိန်တွင် ပြောခဲ့ရာမှ ယခုလို ဖြစ်ပွားရခြင်းဖြစ်သည်။ ၁၄ နှစ်အရွယ် မောင်ဖြစ်သူက သူ့အမနှင့် ကလေးကို ပစ်သတ်တော့မယ်ဟု ပြောပြီး ၎င်းအမ၏ ရင်ဘတ်ကို ပစ်သတ်ခဲ့သည်ဟု ရဲမှူးရုံးက ပြောကြားခဲ့သည်။

       အသက် ၁၄ နှစ်အရွယ် ညီဖြစ်သူကို ပထမအဆင့် လူသတ်မှု၊ ကလေးသူငယ် ညှင်းပန်းနှိပ် စက်မှုနှင့် ဆိုး သွမ်းသူအဖြစ် သေနတ်ကိုင်ဆောင်မှုတို့ဖြင့် တရား စွဲဆိုထားသည်။  ၎င်း၏ အသက် ၁၅ နှစ်အရွယ် အစ် ကိုဖြစ်သူကို ပထမအဆင့် လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုနှင့် သက်သေ အထောက်အထားများ လွဲ ချော်မှုဖြင့် တရားစွဲဆိုထားကြောင်း ရဲမှူးရုံးက ပြောကြားခဲ့သည်ဟု ဟု The Guardian သတင်းအရ သိရပါ သည်။

#PAN