ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ရွာမှ ရွာသား ၃ ဦးကိုဖမ်းဆီးပြီး နေအိမ်နှင့် ယာတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၈

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ရွာမှ ရွာသား ၃ ဦးကိုဖမ်းဆီးပြီး နေ အိမ်နှင့် ယာတဲများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာနယ် မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပျဉ်းမခေါင်ရွာသည် အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့ဖျက်ဆီးမှုများနှင့် ခြိမ်းခြောက်လူသတ်၊ ငွေကြေး တောင်းခံမှုများကြောင့် ကျေးရွာအတွင်း ပြည်သူများနေထိုင်ခြင်းမရှိဘဲ အနီးကျေးရွာများသို့ ခေတ္တတိမ်း ရှောင်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိပြီး ရွာသားများအားဖမ်းဆီးခြင်းနှင့် မီးရှို့မှုများမရှိကြောင်း သိရှိရ ပါသည်။

     နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများ၏ ပူး ပေါင်းကူညီမှုဖြင့် လုံခြုံရေးတပ်ဖွဲ့များက အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပျက်ပြားလာစေရန်နှင့် အကြမ်း ဖက်သမား၏ လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲ မှား လာစေရန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN