နွားထိုးကြီးမြို့နယ်တွင် အမျိုးသားတစ်ဦး လက် ပြန်ကြိုးတုတ်လျှက် လည်လှီးသတ်ဖြတ်ခံရ

ဒီဇင်ဘာ ၂၈

     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ဇေဒိတ်ကျေးရွာအုပ်စု၊တက်စည်ကျေးရွာအနီး မြင်းခြံ-ရေဝန်းသွားကားလမ်း၊တံတားမိုင်တိုင်အမှတ် ၂/၃၁ တောင်ဘက် ပေ ၂၀၀ခန့်အကွာ၊ပြင်စည်-တက်စည် ဆည်ဘောင်လမ်းဘေး၊ ပြင်စည်ကျေးရွာနေ ဦးညွန့်မော်၏ လယ်ကွင်းအစပ် ခြုံပုတ်ဘေး၌ အမျိုးသားတစ်ဦးကို အကြမ်း ဖက် PDF များက လက်ပြန်ကြိုးတုတ်ပြီး ဓားဖြင့် လည်လှီသတ် ဖြတ်ခဲ့သည်ဟု သိရပါ သည်။

      နွားထိုးကြီးမြို့နယ်၊ ထန်းတောကျေးရွာနေသူ ဦးအေးမြင့်ကြိုင်၊၄၁နှစ်၊(ဘ)ဦးတိုး၊ဆိုင်ကယ်ပြင်လုပ် ငန်းလုပ်ကိုင်သူသည် ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်တွင် နေအိမ်၌ ဇနီးဖြစ်သူ ဒေါ်ခင်မျိုးသန်း၊၃၃နှစ်၊(ဘ)ဦးသန်းထွန်းနှင့် အတူရှိနေစဥ် အမည်မသိ အကြမ်းဖက် PDF ၁၂ ဦးခန့်က ဆိုင်ကယ် ၆ စီးဖြင့် သေနတ်ကိုယ်စီ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး သေဆုံးသူအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖြစ်စဥ်အား သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားထားခြင်း မရှိခဲ့ကြောင်း ဇနီးဒေါ်ခင်မျိုးသန်း၏ ပြောကြားမှုအရ သိရပါသည်။

      ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်မှသာ အခင်း ဖြစ်နေရာ၌  ဦးအေးမြင့်ကြိုင် ကို လက်နောက် ပြန်ကြိုးတုပ်လျက် လည်ပင်းလှီးဖြတ်ဒဏ်ရာ ၁ ချက်၊ ဝဲဘက် ရင်အုံ ထိုးသွင်းဒဏ်ရာ ၃ ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မည်သည့်အကြောင်းကြောင့် ယခုလို သတ်ဖြတ်ခြင်းဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံများထံမှ သိရပါသည်။

#PAN