တောင်ကိုရီးယားနိုင်ငံက F-35A ကိုယ်ပျောက်တိုက်လေယာဉ် အစင်း ၂၀ ထပ်မံဝယ်ယူရန် စာချုပ်ချုပ်ဆို

ဒီဇင်ဘာ ၂၈

     တောင်ကိုရီးယားနိုင်ငံက အမေရိကန်စစ်လက်နက်ကုမ္ပဏီ လော့ဒ်ဟိမာတင်မှ ထုတ်လုပ်သည့် F-35A ကိုယ်ပျောက်တိုက်လေယာဉ်အစင်း ၂ဝ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ယွန်ဟက်သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

      တိုက်ခိုက်ရေးလေယာဉ်များ ဝယ်ယူမှုအတွက် လက်ခံရေးစာ(LOA) ကို ဒီဇင်ဘာ ၈ ရက်က အမေရိကန်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း ကာကွယ် ရေးပစ္စည်းဝယ်ယူမှုအစီအစဉ် စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားထားသည်။

       တောင်ကိုရီးယားနိုင်ငံသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း F-35Aကိုယ်ပျောက်တိုက် လေယာဉ် အစင်း ၄၀ ကို ဝယ်ယူခဲ့သော်လည်း ယမန်နှစ် ဇန်န ဝါရီလတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်လေ ယာဉ်တစ်စင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့သဖြင့် အနား ပေးခဲ့ရသည်။

       နောက်ထပ် အမေရိကန် ကိုယ်ပျောက်တိုက် လေ ယာဉ်များကို ၂၀၂၇ ခုနှစ်မှ စတင်ကာ တောင်ကိုရီးယားသို့ ပို့ဆောင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

#PAN