ညောင်တုန်းမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် ပွဲစားများချိတ်ဆက်၍ နိုင်ငံခြားသို့သွားရောက် အလုပ်လုပ်ကိုင်ကြမည့်သူများကို မှတ်ပုံတင်အတု ပြု လုပ်ပေးနေကြောင်း သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၈

      ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးနှင့် ပွဲစားများချိတ်ဆက်၍ နိုင်ငံခြားသို့သွားရောက် အလုပ်လုပ် ကိုင်ကြမည့်သူများကို  မှတ် ပုံတင်အတု ပြုလုပ်ပေးနေကြောင်း မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာတစ်ခုဖြစ်သည့် Ayeyarwaddy Times က မီဒီယာမှ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါသတင်းနှင့်ပတ်သက်၍ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “နိုင်ငံသားတစ်ဦး၏ တရား ဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့် စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူ များအား နိုင်ငံသားစိစစ်ရေးကတ်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ် နည်းများနှင့်အညီ စည်း ကမ်းစနစ်တကျဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ” သိရှိရပါသည်။

       တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ နေ့စဉ် ရုံးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်နေခြင်းအပေါ် ပြည်သူများမှ အထင်အမြင် လွဲမှားစေရန် တမင်ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ထိုးနှက် ရေးသားခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN