မတ္တရာမြို့နယ်၊ ရှမ်းတောကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးနှင့် ယခင်က ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ တစ်ဦးကို အကြမ်းဖက် PDF များက သတ်ဖြတ်

ဒီဇင်ဘာ ၂၇

     မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရှမ်းတောကျေးရွာအုပ်စု၊ ရှမ်းတောကျေးရွာနေ ရှမ်းတောကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်သူကို အကြမ်းဖက် PDF များက ယမန်နေ့ ညပိုင်းက နေအိမ်၌ လာရောက် သတ် ဖြတ်သွားကြောင်း သိရပါသည်။

       ယမန်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရှမ်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးကျော်မြိုင်၊ ၇၁နှစ်၊(ဘ)ဦးဘတင်သည် နေအိမ်၌ ရှိနေစဥ် အကြမ်းဖက် PDF အဖွဲ့(အင်အားစီစစ်ဆဲ)က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ် ခတ်မှုကြောင့် ဦးကျော်မြိုင်တွင် ဦးခေါင်း ထိမှန်ဒဏ်ရာ၊​ နောက် ကျော ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

       သေဆုံးသူ ဦးကျော်မြိုင် သည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဖြစ်သကဲ့သို့ ယခင်က ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဌ တစ်ဦးလည်းဖြစ်သည်ဟု သိရပါသည်။

     ပြည်ပြေးအကြမ်းဖက်အဖွဲ့ NUG ၏ လက်ဝေခံ အကြမ်းဖက်လူသတ် PDF များသည် ”ငါနဲ့မတူ ငါ့ရန်သူ” ဟုသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့အား ထောက်ခံအားပေးခြင်း မရှိသော အုပ် ချုပ်ရေးမှူးများ၊ Non CDM ဝန်ထမ်းများကို ယခုလို လိုက်လံ သတ် ဖြတ်နေကြောင်း သိရပါသည်။

#PAN