ပရီးမီးယာလိဒ် အားကစား သတင်းများ

ဒီဇင်ဘာ ၂၇

• အိမ်ကွင်းမှာ အရှုူံးကြီးရှုံးခဲ့တဲ့ နယူးကာဆယ်အသင်း

      ပရီးမီးယားလိဂ်ပွဲစဥ် ၁၉ ရဲ့ ဒီဇင်ဘာလ ကြားရက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ နယူးကာဆယ်အသင်းနဲ့ နော်တင်ဟမ် အသင်းတို့ပွဲစဉ်မှာ နယူးကာဆယ်အသင်းက နော်တင်ဟမ်အသင်းကို ၃ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ်ခဲ့ရပါတယ်။
      အိမ်ရှင်နယူးကာဆယ်အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိရှုံးနိမ့်ထားခဲ့တာကြောင့် အမှတ်ပေးဇယား အတွက် အမှတ်တွေလိုအပ်နေတာဖြစ်ပြီး နော်တင်ဟမ်အသင်းက တန်းဆင်းဇုန်နားကို ရောက်ရှိနေတာကြောင့် ရမှတ်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ ပွဲစဉ်အစောပိုင်းမှာ နယူးကာဆယ်အသင်းက အိမ်ရှင်ပီပီ ဖိအားပေး ကစားထားနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန် ၂၃ မိနစ်မှာရရှိတဲ့ ပင်နယ်တီကနေ အစ်စကာ က ဦးဆောင် ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နော်တင်ဟမ်အသင်းကစားသမား ခရစ်ဝုဖ် က ပထမပိုင်း ၄၆ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပြီး အနိုင်သေချာ စေမယ့် သွင်းဂိုးတွေကိုတော့ ဒုတိယပိုင်း ၅၃ မိနစ်နှင့် မိနစ် ၆၀ တို့မှာ ဆက်တိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
      ဒါကြောင့် နယူးကာဆယ်အသင်းက အဆင့် (၈) နေရာမှာ ရမှတ် ၃၀ နဲ့ ရပ်တည်နေပြီး နော်တင်ဟမ်အသင်းက အဆင့် (၁၆) မှာ ရပ်တည်နေပါတယ်။

• အိမ်ကွင်းမှာ ခြေစွမ်းတွေပြသပြီး ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘုန်းမောက်အသင်း

      ဒီဇင်ဘာလ ၂၆ ရက်ကြားရက် ပရီမီးယားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ ဖူဟမ်အသင်းတို့ပွဲစဉ်မှာ အိမ်ရှင် ဘုန်းမောက်အသင်းက ဖူဟမ်အသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
      ဖူဟမ်အသင်းက အိမ်ရှင်ဘုန်းမောက်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားဖို့ ကြိုး စားခဲ့ပါ တယ်။ ပထမပိုင်းပွဲပြီးခါနီး ၄၄ မိနစ်မှာ အိမ် ရှင်ဘုန်းမောက်အသင်းက ကူဗက် က ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယ ပိုင်း ၆၂ မိနစ်မှာ ဆိုလန်ကီ က ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။ ဘုန်းမောက်အသင်းအတွက် အနိုင်သေချာစေမယ့်သွင်းဂိုးကို ဒုတိယပိုင်းပွဲပြီးခါနီးနာကျင်အချိန်ပို ၃ မိနစ်မှာ စင်နီစတာ က သွင်းယူပေးခဲ့ပါတယ်။
      ဘုန်းမောက်အသင်းက နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအနိုင်ရရှိထားခဲ့ပြီး ၁ ပွဲသရေနဲ့ ရလဒ်ကောင်းတွေကို ပိုင်ဆိုင် ထားတာကြောင့် အမှတ်ပေးဇယား အဆင့် ၁၀ မှာ ရမှတ် ၂၅ မှတ်နဲ့ ရပ်တည်နေပါတယ်။

• ဘန်လေအသင်းကို နှစ်ဂိုးပြတ်နဲ့အနိုင်ယူပြီးအဆင့် (၁)နေရာကို ခေတ္တရယူခဲ့တဲ့ လီဗာပူးလ်အသင်း

      ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲစဉ်အဖြစ် နိုဝင် ဘာလ ၂၇ ရက် အစောပိုင်းက ကစားခဲ့တဲ့ ဘန်လေအသင်းနှင့် လီဗာပူးလ်အသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းက အိမ်ရှင်ဘန်လေအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေး ဇယားထိပ်ဆုံးနေရာကို ပြန်လည်ရယူခဲ့ပါတယ်။
      လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွက် လီဗာပူးလ်အသင်းနှင့် အာဆင်နယ်အသင်းတို့က အပြိုင် ဖြစ်နေပြီးအမှတ်ကွာဟမှုကျဉ်းမြောင်းနေတာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဘန်လေအသင်းကို ပွဲချိန် ၆ မိနစ်မှာ နူနက် နဲ့ ဒုတိယပိုင်း မိနစ် ၉၀ မှာ ဂျိုတာ တို့က သွင်းယူပေးခဲ့တာဖြစ်တာကြောင့် ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်း တစ်ပွဲအသာနဲ့ အဆင့် တစ်နေရာကို ရရှိခဲ့ပါတယ်။

• ‌ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တဲ့ မန်ယူအသင်း

      ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲစဉ်အဖြစ် နိုဝင် ဘာလ ၂၇ ရက်က ကစားခဲ့တဲ့ မန်ယူအသင်းက အက်စတွန်ဗီလာအသင်းကို ‌နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၃ မှတ် ရယူနိုင်ခဲ့ပါတယ်။
      အိမ်ရှင် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ပြီးနောက် ခြေစွမ်းတည်ငြိမ်မှုမရှိသေးဘဲ နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီးအသင်းကိုသာ အိမ်ကွင်းမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်း အိမ်ကွင်း အိုးထရစ်ဖို့ဒ်မှာ အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာခဲ့ပြီး ဗီလာအသင်းကို ဖိအားကစားခဲ့ပါတယ်။ ဒါပေမယ့် ဗီလာအသင်း က အကောင်းဆုံးတုံ့ပြန်ကစားခဲ့ပြီး ပထမပိုင်းမိနစ်‌ ၂၀ ကျော်မှာ ဗီလာအသင်းက သွင်းဂိုးနှစ်ဂိုး ဆက်တိုက်ရရှိခဲ့ကာ ပထမပိုင်းမှာ ဦး ဆောင်နိုင်ခဲ့ပါတယ်။
      ဒုတိယပိုင်းမှာ နှစ်ဖက်အသင်းစလုံးက အပြန် အလှန်ဖိအားပေးကစားခဲ့ကြပြီး မန်ယူအသင်းအတွက် ဂါနာချို က ဒုတိယပိုင်း ၅၉ မိနစ်နဲ့ ၇၁ မိနစ်နဲ့ ချေပဂိုးနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်ယူအသင်းအတွက် အနိုင်သေချာ စေတဲ့ဂိုးကို ပရီးမီးယားလိဂ် ဂိုးပေါက်ပျောက်နေတဲ့ ဟွိုင်လန်း က ပွဲချိန် ၈၂ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။
      အဆိုပါနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ဇယားမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၆ နေရာကို ရောက်ရှိလာခဲ့သလို ဗီလာအသင်းက အဆင့်(၃) နေရာမှာရမှတ် ၃၉ မှတ်နဲ့ ဆက်လက်ရပ်တည်နေပါတယ်။ လာမယ့် ဒီဇင် ဘာလ ၃၁ ရက်မှာ မန်ယူအသင်းဟာ နော်တင်ဟမ်အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်သလို ဒီဇင်ဘာလ ၃၀ ရက်မှာ ဗီလာအသင်းဟာ အိမ်ကွင်းမှာ ဘန်လေအသင်းကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

#PAN