တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၇

     တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန် သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ တွင် ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်၌ တရားမဝင် အခြားသစ် တန် ၃ ဒသမ ၂၇၁ (ခန့် မှန်းတန်ဖိုးငွေကျပ် ၂၂၈,၉၇၀)နှင့် မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၌ တရားမဝင် အခြားသစ်တန် ၂၅ ဒသမ ၈၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၈၀၇,၄၅၆)ကို သစ်တောဥပဒေအရလည်း ကောင်း၊ ဖျာပုံမြို့နယ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီးနှင့် Nissan Wingroad ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၅၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်း ကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၅၃၆,၄၂၆)ကို သိမ်း ဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ ဒီဇင်ဘာ ၂၂ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ် ဆေးမှုများဆောင်ရွက်ခဲ့ရာ မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၌ လိုင်စင်မဲ့ Honda CB 400 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၀၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ဘားအံမြို့နယ် တောင်ကလေးကျေးရွာအနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသောယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၃၆၀၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၅၀၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် IZONE စက်မှုဇုန်ထုတ် ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀)ကို လည်းကောင်း၊ ဘားအံမြို့နယ် ဝဲကရင်ကျေးရွာအနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Deestone ကားတာယာ ၁၆၄ လုံး၊ Car Alloy Wheel အခု ၈၀၊ Textile Cloth Shoe ဖိနပ်အရန် ၁၀၀၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၅၀,၀၀၀)နှင့် အဆို ပါပစ္စည်းများ တင် ဆောင်လာသည့် Mitsubishi Canter နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရား ဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၃၀၀၀ အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၉၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Kia Bongo ယာဉ်တစ်စီး(ခန့်မှန်းတန် ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင် ဘာ ၂၅ ရက်တွင် ဘားအံမြို့နယ် ထီလုံကျေးရွာအနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Yum Yum ခေါက်ဆွဲခြောက်ထုပ် ၉၆၀၀ အပါ အဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၃,၅၆၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀)ကိုလည်းကောင်း၊ ဘားအံမြို့နယ် ဘားအံစက်မှုဇုန်အနီး၌ မြဝတီမြို့မှ ဘားအံမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် 108 Detergent ဆပ်ပြာမှုန့်ထုပ် ၄၈၀၀၊ Lipovitan-D အချိုရည် ပုလင်း ၃၅၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၉၅၀,၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် Hino Profia Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း (ခန့် မှန်းတန်ဖိုးငွေကျပ် ၁၈၈,၁၅၀,၀၀၀)ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဒီဇင်ဘာ ၂၅ ရက်တွင် အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ် ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ကော့သောင်းမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Cotton Pad ကီလို ဂရမ် ၁၅၀၀ အပါအဝင် ကုန် ပစ္စည်း ၁၀ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်
၂၁,၇၇၄,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck နှစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁,၇၇၄,၀၀၀) ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ ဒီဇင်ဘာ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉,၇၆၀,၄၂၆) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီမှ သိရသည်။

#PAN