၂၀၂၃ ခုနှစ်အတွက် စကော့တလန် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မန်ယူကွင်းလယ်ကစားသမား တွမ်မီနေး ရရှိ

ဒီဇင်ဘာ ၂၆

စကော့တလန်ဘောလုံးအဖွဲ့ချုပ်က ရွေးချယ်ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် စကော့တလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား တွမ်မီနေးက ရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၂၃ ခုနှစ်အတွက် စကော့တလန်တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်ကစားသမား စာရင်းတွင် တွမ်မီနေးသည် လီဗာပူးအသင်းမှ ခံစစ်ကစားသမား ရော်ဘတ်ဆန်နှင့် အက်စ်တွန်ဗီလာ အသင်းမှ ကွင်းလယ်ကစားသမား မက်ဂရင်းတို့နှင့်အတူပါဝင် လာခဲ့သော်လည်း ၎င်းတို့ကိုကျော်ဖြတ်ကာ မဲအများဆုံးရရှိခဲ့ပြီး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တွမ်မီနေးသည် ယခုဘောလုံးရာသီတွင် မန်ယူအသင်း၌ ခြေစွမ်းပိုင်းတည်ငြိမ်ရန် ရုန်းကန်နေရသော်လည်း စကော့တလန် အသင်းနှင့်အတူ နိုင်ငံတကာ ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး စကော့တလန်အသင်း ယူရို ၂၀၂၄ ပြိုင်ပွဲ၌ ခြေစစ်ပွဲအောင်မြင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။