အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ သံတံတားအနီး မြက်ရိတ်နေတဲ့အမျိုးသား ၁ဦး ဆင်နင်မိ၍ သေဆုံး

ဒီဇင်ဘာ ၂၆

ယနေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်ပဲခူးတိုင်းဒေသကြီး ၊ အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ သံတံတားအနီး ကိုင်းကွက်ထဲမှာ မြက်ရိတ်နေသော အမျိုးသား ၁ ဦး၏ခေါင်းကို ဆင်နင်းခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရပါသည်။

အဆိုပါ သေဆုံးသူမှာ အုန်းပင်ကျေးရွာနေ ဦးစိန်ဝင်း အသက် ၆၀ နှစ်ခန့်သည် ၎င်းပိုင်တဲ့ လယ်ကွက်အနီးက ကိုင်းတောထဲတွင် မြက်ရိတ်နေစဥ် ရှင်လောင်းလှည့်ရာကနေ မုန်ယိုပြီး ထွက်ပြေးလာတဲ့ ဆင်က တက်နင်းသွားတာဖြစ်ပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ်ပြားသွားပြီး နေရာမှာပဲ သေဆုံးသွားကြောင်း သိရပါသည်။

သေဆုံးသွားသူရဲ့အလောင်းကိုတော့ ဒေသတွင်း လူမှုကူညီရေးအသင်းတွေကကောက်ယူပြီး အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံကို့ ပို့ပေးထားကြောင်းသိရှိရပါသည်။

ဦးစိန်ဝင်းကို တက်နင်းသွားတဲ့ ဆင်ဟာ မအူပင်ကျေးရွာမှာပြုလုပ်တဲ့ ရဟန်းခံရှင်ပြုအလှူက ဆင်ဖြစ်ကြောင်း ၊ အဲဒီဆင်နဲ့ ရဟန်းလောင်း၊ မောင်ရင်လောင်းတချို့ကိုတင်ကာ မအူပင်ကျေးရွာကနေ ဒိုးပင်သောင် ၊ သံတိုင်ခင်ကျေးရွာရှိ အမျိုးတွေကို လှည့်ပတ်ကန်တော့နေစဥ် သံတိုင်ခင်ကျေးရွာအရောက် ရဟန်းလောင်းနဲ့ ရှင်လောင်းတွေချပြီးနားနေစဥ် ဆင်ကမုန်ယိုပြီးထွက်ပြေးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews