အီရန်ရေတပ်က အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ လက်ခံရရှိ

ဒီဇင်ဘာ ၂၆

      အီရန်ရေတပ်က ပြည်ပရန်စွယ်များကို ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် ၎င်းတို့၏စွမ်းရည်ကို မြှင့်တင် သည့် အနေဖြင့် အဆင့်မြင့်စစ်လက် နက်ပစ္စည်းများကို လက်ခံရရှိလိုက်ကြောင်း သိရသည်။ အဆိုပါ အဆင့်မြင့် စစ်လက်နက်ပစ္စည်းများတွင် အကွာအဝေးကီလိုမီတာ ၁,၀၀၀ အထက် အထိသွားနိုင်ပြီး လေထဲမှာပင် ပစ်မှတ် လမ်းကြောင်းကို ပြောင်းလဲနိုင်စွမ်းရှိသည့် မဟာဗျူဟာမြောက်စမတ် အမြင့်ပျံဒုံးကျည်တစ်မျိုးဖြစ်သော Talayieh ဒုံးကျည်လည်းပါဝင်သည်။

       ထို့ပြင် ကီလိုဂရမ် ၁၃၀ ရှိ ထိပ်ဖူးများကို သယ် ဆောင်ကာ ကီလိုမီတာ ၁၀၀ အထက်ရှိအကွာအဝေးသို့ ပျံသန်းပြီး ရေဒါပဲ့ထိန်းစနစ် အသုံးပြုထားသော Nasir အမည်ရှိ တာတိုပစ်အမြင့်ပျံဒုံးကျည်တစ်မျိုးကိုလည်း ရေတပ်က လက်ခံရရှိထားသည်။

      အလားတူ အီရန်ရေတပ်သည် ဒရုန်းပေါ်တွင် အခြေခံထားသည့် အီလက် ထရွန်နစ် စစ်ဆင်ရေးစနစ်တစ်ခု၊ ရေငုပ်ကင်း ထောက်စနစ်တစ်ခု၊ ရေ ပြင်မှ ရေပြင်ပစ် ဒုံးကျည်စနစ်တစ်ခုနှင့် ဆွဲ သင်္ဘောတစ်မျိုးတို့ကိုလည်း လက်ခံရရှိထားသည်။ ထိုမျှပင် မကသေး ဘဲ အပေါ့စားကင်း ထောက်ရေယာဉ်များ၊ မျက်မြင်နှင့် ထောက်လှမ်း ရေးသတင်းအချက်အလက်များ ရယူသောစနစ်များ တပ်ဆင်ထားသည့် ရဟတ်ယာဉ်များ အပါအဝင် ရဟတ်ယာဉ်အမျိုးမျိုးကိုလည်း အီရန်ရေတပ်က လက်ခံရရှိသည်။

       ထို့အတူ မိတ်ဆွေ၊ ရန်သူခွဲခြားနိုင်သည့် စနစ်ပါ ဝင်သော ပြည်တွင်းဖြစ် အီလက်ထရွန်နစ် စစ် ဆင်ရေး စနစ်နှင့် ရန်သူ့ ဒုံးကျည်များကို လှည့် ဖြားခြင်းနှင့် ပစ်ချခြင်းတို့လုပ်ဆောင်နိုင်သည့် စနစ်ကိုလည်း အီရန်ရေတပ်က ရရှိသွားပြီဖြစ် သည်။ အီရန်နိုင်ငံအနေဖြင့် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသော်လည်း ပြည် တွင်းဖြစ် နည်းပညာများ အသုံးပြု ၍ ရေဒါများမှ အီလက်ထရွန်နစ်စစ်ဆင်ရေးစနစ်နှင့် ဒရုန်းများအထိကို တွင်ကျယ်စွာ ထုတ်လုပ်လာနိုင်နေပြီဖြစ်သည်။

      ထို့အတွက်ကြောင့် အီရန်နိုင်ငံသည် အင်အားကြီး မားသော ရန်သူတော်များဖြစ်သည့် အမေရိကန်ကဲ့သို့သော နိုင်ငံများနှင့် ရင်ဆိုင်ယှဉ်ပြိုင်လာနိုင်စွမ်း ရှိလာပြီဖြစ်သည်။ ဧပြီလတွင် ထုတ်ပြန်ချက်တစ်ခုအရ အီရန် သည် အမေရိကန်တို့၏ ကိုယ်ပျောက်တိုက်လေ ယာဉ် ဖြစ်သော F-35 ၏ ရေဒါလှိုင်းနှုန်းများကို ဖမ်း ယူနိုင်ကြောင်း နှင့် အီရန်ကမ်းရိုးတန်းများအနီးမှ လျှို့ညဝှက်စွာဖြတ်သွားရန် စီစဉ်ထားသော အမေရိကန်၏ နျူကလီးယားစွမ်းအင် သုံး ရေငုပ်သင်္ဘောများကိုထောက်လှမ်းတွေ့ရှိခဲ့ကြောင်း Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN