သထုံမြို့နယ်တွင် ရန်ကုန် – မော်လမြိုင် ရထားလမ်း ရထားလမ်းကူးနေရာ၌ ကုန်တင်ကျောက်ရထား(ခါလီ)နှင့် ထော်လာဂျီယာဉ်တို့ တိုက်မှုဖြစ်ပွား

ဒီဇင်ဘာ ၂၆

      မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေး ရွာအုပ်စု၊ တောစွန်းကျေးရွာအနီး ရန်ကုန် – မော်လမြိုင် ရထားလမ်း မိုင်တိုင်အမှတ် (၁၃၅/ ၁၉) နှင့် (၁၃၅/ ၂၀)ကြားရှိ ရထားလမ်းကူးတွင် ယမန် နေ့ ညနေက ကုန်တင်ကျောက်ရထား(ခါလီ)နှင့် ထော်လာဂျီယာဉ် တစ်စီး တိုက်မိရာ မီးရထားမှာ ဘီးချော်သွားခဲ့ပြီး ထော်လာဂျီယာဉ်မှာ ပျက်စီးသွားခဲ့သည်ဟု သိရပါ သည်။

      ဘီးလင်းမြို့ဘက်မှ ထွက်ခွါလာသော စက်ခေါင်းမောင်း ဦးခင်ဇော်၊ ရထားထိန်း ဦးသက်ဇော်ထွေးတို့ လိုက်ပါလာသော ရထားအမှတ်(၆၈၆)၊ စက်ခေါင်းအမှတ် DF-1366 ကုန်တင်ကျောက်ရထား(ခါလီ)သည် ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဖြစ်စဥ်နေရာအရောက် ကျော်ဇင်သက် ၃၃ နှစ်၊ (ဘ)ဦးမြင့်ဆွေ၊ ဟိန္ဒူ/ဗုဒ္ဓ၊ ဝါးတောလမ်း၊ လိပ်အင်းရပ်ကွက်၊ သထုံမြို့နယ်နေသူ မောင်းနှင်လာသည့် ဌ-၁၃၈၁ နံပါတ်ပါ ထော်လာဂျီယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ် သည်။

      ထိုသို့ မီးရထားနှင့် ထော်လာဂျီတိုက်မိမှု ကြောင့် ရထားမိုင်းခံတွဲ၏ ဘီး(၄)ဘီး ရထားလမ်းပေါ်မှ ချော်ကျသွားခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်နေရာသို့ မြန်မာ့မီးရထား တိုင်းတာဝန်ခံ(မော်လမြိုင်)မှ ဦးသန်းစိန်ဦး ပါ ၁၅ ဦးသည် (၅)တန် အလေးချိန် မနိုင်သည့် လေဂျိုင့်(၃)လုံး၊ ပြုပြင်ရေးကရိယာများနှင့်အတူ  စတင်ပြင် ဆင်ခဲ့ရာ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြီးစီးခဲ့ပြီး မီးရထား မှာ နံနက် ၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် သထုံဘူတာသို့ ထွက်ခွါခဲ့ကြောင်း သိရပါ သည်။

    ဖြစ်စဥ်နှင့်ပတ်သက် မေးမြန်ရာ ထော်လာဂျီယာဥ်မောင်းမှာ ၎င်းအလုပ်သမားများ တောင်စွန်းသို့ သွား ရောက်ခေါ်ယူစဥ် ထော်လာဂျီယာဉ်မှာရထားလမ်းပေါ်၌ ရုတ်တ​ရက်စက်သေ၍ စက်ပြန်မနှိုးနိုင်သေးမီ ရထားလာသော​ကြောင့် ယာဥ်မောင်းမှာ ခုန်ဆင်းသွားခဲ့သဖြင့် လူထိခိုက်ဒဏ် ရာရရှိမှုမရှိဘဲ  ထော်လာဂျီယာဉ်မှာ ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN