ရေတာရှည်မြို့တွင် စစ်ကြောင်းတစ်ခုအား ကြားဖြတ်တိုက်ခံရ၍ တပ်မတော်သား ၈ ဦး ကျဆုံး ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း မဟုတ်မမှန် သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၆

     ပဲခူးတိုင်း၊ ရေတာရှည်မြိုနယ်၊ ကဲလင်းဆိပ်ကျေး ရွာအနီးတွင် ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခုအား အကြမ်းဖက်သမားများက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား ၈ ဦး ကျဆုံးခဲ့ကြောင်း Myaelatt Athan က သတင်းတု၊ သတင်းမှား များကို လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

       အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သက် ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးပြောကြားချက်အရ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာနှင့် အနီးတစ်ဝိုက်တွင် ဒီဇင် ဘာလ ၂၄ ရက်နေ့က နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့မှုမရှိကြောင်းနှင့် သတင်းတု ဖန်တီးရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

       တရားမဝင် အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေလုံခြုံရေး ဆောင် ရွက်ပေးလျက်ရှိသည် တပ်ဖွဲ့ဝင်များအပေါ် ယုံ ကြည်အားကိုးသည့်စိတ်များ လျော့နည်း လာစေရန်နှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန် သတင်းတု၊ သတင်းမှားများအား မဟုတ်မမှန် ဖန်တီးရေးသားဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN