ရုပ်ရှင်သရုပ်ဆောင် မေသဥ္ဇာဦးရဲ့ သားအကြီးဖြစ်သူ ယာဥ်တိုက်မှုနဲ့ ကွယ်လွန်

ဒီဇင်ဘာ ၂၆

 ယမန်နေ့  ည  ၁၀ နာရီ ၃၀ မိနစ်အချိန်က ရန်ကုန်မြို၊ တာမွေမြိုနယ်၊ ဗညားဒလလမ်းမှာ မော်တော်ယာဥ် တစ်စင်းက လမ်းလယ်ဓာတ်တိုင်ကို ဝင်တိုက်ခဲ့ရမှ အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ ရကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ ပရိသတ်အားပေးမှု များစွာရရှိထားသော မင်းသမီးကြီး အကယ်ဒမီ မေသဥ္ဇာဦး၏ သားအကြီးဖြစ်သူ ကိုမင်းသန်းကျော်ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် ဦးခေါင်းနောက်စေ့စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီး ပိုဆောင် ကုသချိန်တွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

#PAN